နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ (၉)

blank

ဒီနေ့မနက် ကျွန်မရဲ့ သားအကြီး ဖြစ်သူ ၁ဝ နှစ်အရွယ်လေးက စက်ဘီးစီးရင်း မတော်တဆ လဲကျသွားပြီး နှဖူးကွဲသွားပါတယ်။ ဆရာဝန်က သူ့ကို ပတ်တီးစည်းပေးခဲ့ပါတယ်။ တစ်ပတ်တိတိ ခေါင်းမှာ ပတ်တီစည်းထားရမယ်လို့ ဆရာဝန်က ပြောပါတယ်။ သားလေးက ပတ်တီးစည်း ရတာ အရမ်းမုန်းသူ တစ်ဦးပါ။ သူက “ဒုက္ခပါပဲ ဆိုပြီး” ငြီးနေချိန်မှာ သူ့အောက်က ၆နှစ်အရွယ် ညီလေးဖြစ်သူ ကျွန်မရဲ့ သားငယ်လေး အခန်းထဲကို ဝင်လာပါတယ်။ ခေါင်းမှာလည်း ပတ်တည်းလေးနဲ့။ သူက ခုတင်ပေါ်မှာ ရှိတဲ့ သူ့အစ်ကို ကို ကြည့်ပြီး “ကိုကို တစ်ယောက်တည်း မဖြစ်အောင် သားသား လည်း ပတ်တီးစည်းလားတယ်။ အဖော်လုပ်ပေးမယ်နော် ကိုကို။” လို့ဆိုပါတယ်။ ငယ်ရွယ်ကြပေမယ့် ညီအစ်ကိုလေးတွေရဲ့ ချစ်ခြင်းမေတ္တာလေးက ဘယ်လောက်တောင် ကြီးမားလိုက်လဲနော်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။