နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ – (၅)

blank

ကျွန်မမှာ သိပ်လေးစား ချစ်မြတ်နိုးရတဲ့ သူတစ်ယောက် ရှိတယ်။ အဲဒါ ကျွန်မရဲ့ ဖေဖေလေ။ သူက ကျွန်မအတွက် ကစားဖော်ဆိုလည်းဟုတ်၊ လိုအပ်တာတွေ ဖြည့်ဆည်းပေးတဲ့ အားကိုးရာ၊ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်ခုဆိုလည်း မမှားပါဘူး။ အခုလက်ရှိ ကျွန်မတို့ မိသားစုကို ဦးစီးပြီး လုပ်ကိုင်ကျွေးမွေးနေသူပါ။ ဖေဖေက မေမေကိုလည်း အရမ်းဂရုစိုက်တယ်။ ကြင်နာနွေးထွေးတယ်။ ကျွန်မ ဖေဖေက ဆောက်လုပ်ရေး လုပ်ငန်းလုပ်တယ်လေ။

ဒီနေ့မနက် ကျွန်မ ပစ္စည်းလိုလို့ ဖေဖေ ရဲ့တိုလီမိုလီထည့်တဲ့ အိတ်ထဲ ရှာဖွေရင်း စာရွက်အဟောင်းလေး တစ်ခုကိုတွေ့တယ်။ ဖေဖေ့လက်ရေးနဲ့ ဆိုတော့ စိတ်ဝင်စားသွားပြီး ဖတ်ကြည့်လိုက်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာထဲမှာ ” ကျွန်တော်က သိပ်ကို ဆိုးသွမ်းတဲ့သူတစ်ယောက်ပါ။ အရက်သောက်တယ်၊ ငယ်ကတည်းက စာမေးပွဲတွေလည်း ခဏခဏကျတယ်။ ဘဝမှာလည်း ထပ်ခါတလဲလဲ ရှုံးနှိမ့်ခဲ့တယ်။ ရဲစခန်းလည်း ခဏခဏရောက်တဲ့ အလစ်သုတ်သမားတစ်ဦးပေါ့။ နောက်လဆို ကျွန်တော် ကလေး အဖေဖြစ်တော့မယ်။ ကျွန်တော့် သမီးလေးအတွက် အကောင်ဆုံးတွေကိုပဲ လုပ်တော့မယ်။ ကျွန်တော် မပိုင်ဆိုင်ခဲ့ရတဲ့ ဖခင်ရဲ့မေတ္တာတွေ၊ လုံခြုံနွေးထွေး မတွေပေးမယ်။ ” ဆိုပြီး ရေးထားတာပါ။ ဒီစာမှာပါတဲ့ ရက်စွဲက ကျွန်မမမွေးခင် တစ်ရက်အလိုကပါ။ အခုကျွန်မအသက် (၁၇) နှစ်ရှိပါပြီ။ စာဖတ်ပြီး ဖေဖေရဲ့ ကျွန်မအပေါ်ထားတဲ့ မေတ္တာကို အံ့သြဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် လည်မိပါတယ်။ ဖေဖေ ဘယ်လိုတွေ ကြိုးစားရုန်းကန်လိုက်လဲ မသိဘူး။ ဖေဖေဟာ ခုဆို မိသားစုအတွက် တကယ်ကိုအားကိုထိုက်တဲ့ လူကောင်းတစ်ယောက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။