နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ – (၄)

blank

ဒီနေ့မနက် ကျွန်တော့် ပန်းဆိုင်တောင် မဖွင့်ရသေးဘူး။ ဆိုင်ရှေ့မှာ စစ်ဝတ်စုံနဲ့ လူတစ်ယောက် ရပ်စောင့်နေတာတွေ့လို့ “ကျွန်တော် ဘာများကူညီပေးရမလဲ” ဆိုပြီး သွားမေးလိုက်တယ်။

သူက “ကျွန်တော် တာဝန်နဲ့ အာဖဂန်နစ်စတန်ကို တစ်နှစ်သွားရမှာပါ။ ဒီဆိုင်ကိုလာရတဲ့ အကြောင်းကတော့ ကျွန်တော်က သောကြာနေ့တိုင်း ကျွန်တော့် အမျိုးသမီးကို ပန်းစည်းလေးတွေ လက်ဆောင်ပေးလေ့ရှိပါတယ်။ အခု သွားမယ့် တစ်နှစ်တာအတွင်း ပန်းစည်းပို့ပေးဖို့ အတွက် ခင်များတို့ဆီမှာ အလုပ် လာအပ်တာပါ” လို့ ဆိုပါတယ်။ ပြီးတော့ သောကြာနေ့ နေ့လည်တိုင်း သူ့အမျိုးသမီး အလုပ်လုပ်တဲ့ ရုံးကို ပန်းစည်းပို့ပေးဖို့ (၅၂) ပတ်စာ ကြိုတင် ငွေပေးချေခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်တော်လည်း မနက်စောစောစီးစီး သူ့ ချစ်ခြင်းမေတ္တာလေးကို လေးစားမိပြီး ကြည်နူးလွန်းတာနဲ့ စုစုပေါင်းငွေရဲ့ (၅ဝ%) လျှော့ပေး လိုက်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။