နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ – (၃)

blank

ခရစ်ရှန် မက် ဖီလမီ (Christian McPhilamy) ဆိုသော ၈နှစ်အရွယ် ကလေးဟာ ယောက်ျားလေးဖြစ်ပေမယ့် (၄) ပေနဲ့ (၁ဝ) လက်မ ရှိတဲ့ ဆံပင်ကို ပတ်ဝန်ကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကြားက (၂) နှစ်ခွဲကြာအောင် ထားခဲ့ပါတယ်။ သူငယ်ချင်းတွေက သူ့ကို အခြောက်လို့ ခေါ်ကြပါတယ်။ လူကြီးတွေကလည်း တွေ့လိုက်တိုင်း ဆံပင်ဖြတ်ဖို့ ဇွတ်အတင်း တိုက်တွန်းကြပါတယ်။ သို့ပေမယ့် ခရစ်ရှန် (Christian)က သူဒီလို လူတွေရဲ့ အပြောအဆိုခံပြီး ဆံပင်ရှည် ထားရတာဟာ ကင်ဆာရောဂါ ခံစားနေရပြီး ဆံပင်မရှိတော့တဲ့ သူတွေအတွက် ဆံပင်တု လှူဒါန်းချင်လို့ဆိုတဲ့ ရည်ရွယ်ချက်ကို ပြောပြလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူ့ရည်ရွယ်ချက်ကို သိလိုက်ရတဲ့ အခါမှာတော့ သူ့ကို လှောင်ပြောင်ခဲ့ကြသူတွေလည်း သူတို့ လုပ်ရပ်တွေအတွက် တောင်းပန်ခဲ့ကြပါတယ်။ ဒီလို ပတ်ဝန်းကျင်က အပုပ်ချတာတွေဟာ ခရစ်ရှန် (Christian)ကို အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။ သို့ပေမယ့်လည်း သူရဲ့ ရည်ရွယ်ချက်ကိုတော့ အပျက်စီး မခံခဲ့ပါဘူး။ နှစ်နှစ်ခွဲအကြာမှာတော့ သူ့ရဲ့ (၄ပေ ၁ဝ လက်မ) ရှိတဲ့ ဆံပင်ကြီးကို ဖြတ်ပြီး ကင်ဆာရောဂါကြောင့် ဆံပင်မရှိတော့တဲ့ ကလေးတွေအတွက် သွားရောက်လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ မေတ္တာတရားကြီးမားပုံကတော့ ကျွန်ုပ်တို့အားလုံးအတွက် တကယ့်ကို လေးစား အတုယူဖွယ်ပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။