နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ – (၂)

blank

မောနစ်ဇစ်မာမန် စတိန်(Monique Zimmerman-Stein) ဆိုသူ အမျိုးသမီးဟာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခုကြောင့် အမြင်အာရုံတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆရာဝန်က ဒီရောဂါကို သက်သာလာစေဖို့ ဆေးတွေညွှန်ကြားပေးခဲ့ပေမယ့် အရမ်းဈေးကြီးလွန်းတာကြောင့် သူမဟာ ဝယ်မသုံးဆွဲခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်ပြီး ဆေးဝယ်မယ့် ပိုက်ဆံတွေကို ဘဏ်ထဲမှာ စုဆောင်းခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲလိုစုဆောင်းရတဲ့ အကြောင်းအရင်းကတော့ သမီးနှစ်ယောက်ဖြစ်တဲ့ အေလီယာ ၁၄ နှစ် (Aliyah) နဲ့ ဒါဗီဒါ ၁၇ နှစ် (Davida) တို့မှာလည်း သူမလိုမျိုးရောဂါ ရှိနေတဲ့အတွက် သူမလို ရောဂါပြင်းထန်လာချိန်မှာကုသလို့ရအောင် ဆေးကုသစားရိတ်အနေနဲ့ ကြိုတင်စုဆောင်းထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချိန်ကျရင် သမီးနှစ်ယောက်ဟာလည်း မျက်စိနှစ်ကွင်း အလင်းရနေချိန်မှာ ပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်သလောက် အကျိုးပြုဖို့နဲ့ အမြင်အာရုံထဲမှာရှိနေတဲ့ အရာတွေကို မျက်လုံးမှိတ်ပြီး ပုံဖော်တဲ့ အကျင့်လေးတွေ လေ့ကျင့်ပေးနေ ပါသေးတယ်။ ဒါဟာ သူတို့ မျက်လုံးကွယ်သွားတဲ့ အချိန်မှာ ကောင်းကောင်းရပ်တည်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ချစ်ခြင်းမေတ္တာတွေလဲနော်။ ကိုယ်ချစ်တဲ့သူအတွက် အလုပ်သင့်ဆုံးတွေကို လုပ်ဆောင်ပေးသွားတာ သိပ်ကို လေးစား အတုယူဖွယ် ကောင်းလှပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။