နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ – (၁)

blank

ဇနီး ဖြစ်သူကျောက်ကပ် အရေးတကြီး လိုနေတာကြောင့် လမ်းတကာလှည့်ပြီး ကျောက်ကပ် အလှူခံပေးခဲ့သူ ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းဖွဲ့ထားတဲ့ ဖြစ်ရပ်မှန်လေးပါ။

ဇနီးဖြစ်သူကို ကုသပေးနေတဲ့ ဆရာဝန်က ခင်ပွန်းဖြစ်သူ လာရီ (Larry) အား လူနာအတွက် ကျောက်ကပ်အရေးတကြီး အစားထိုးဖို့လိုနေကြောင်း ခေါ်ပြောပါတယ်။ လာရီလည်း သူ့ကျောက်ကပ်လှူဖို့ ကြိုးစားကြည့်ပေမယ့် အဆင်မပြေတာကြောင့် တစ်ခုခု အလျှင်အမြန်ကြိုးစားမှ ဖြစ်တော့မယ်ဆို တွေးမိလိုက်တယ်။ မသေချာဘဲ အလှူရှင်ပေါ်လာမယ့်ရက်ကို ထိုင်စောင့်နေမယ်ဆို သူ့ဇနီးသည် အသက်ဆုံးရှုံးသွားနိုင်တာကို စဉ်းစားမိတာကြောင့် ကာရိုလီနားတောင်ပိုင်း က (South Carolina) လူစည်ကားတဲ့ သူ့ခန္ဓာကိုယ်မှာ “ကျွန်တော့် ဇနီးသည်ရဲ့အသက် ရှင်သန်နိုင်ရေးအတွက် ဖြစ်နိုင်ရင် ကျောက်ကပ်တစ်ခြမ်းလောက် လှူဒါန်းပေးစေ လိုပါတယ်” ဆိုတဲ့ စာသားနဲ့ အလှူခံသလို လမ်းမတွေထဲ လှည့်လည်အလှူခံခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ချို့လူတွေက လူထူးလူဆန်းအနေနဲ့ ကြည့်ကြတာမျိုးတွေကို သူဂရုမစိုက်ပါဘူး။ ဂျာနယ်တွေ၊ သတင်းသမားတွေက မေးလာတဲ့အခါမှာလည်း ” လူတွေဘယ်လိုပဲ ထင်ထင် ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်မိန်းမ အသက်ကယ်နိုင်ဖို့ပဲ ကျွန်တော် အဓိက ထားပါတယ်။”

လာရီ( Larry) ရဲ့ ကြိုးစားအားထုတ်မှု တစ်ကယ်လည်း အောင်မြင်ခဲ့ပါတယ်။ သူ့ကိုသနားပြီး ကျောက်ကပ်လှူဒါန်းသူ (၁ဝဝ) ကျော်ဟာ လှူဒါန်းပေးဖို့ ဆေးရုံမှာ စစ်ဆေးမှုခံယူခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှာဖွေရင်း တစ်ရက်မှာတော့ ဇနီးဖြစ်သူ ဂျင်မီဆူး (Jimmy Sue) အတွက် အစားထိုးကုသလို့ရတဲ့ ကျောက်ကပ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။ သူကတော့ ကယ်လီ ဝေးဗားရီး(Kelly Weaverling) ဖြစ်ပါတယ်။ အသက်(၄၁) နှစ်ရှိပြီဖြစ်တဲ့ ရေတပ်ဗိုလ်တစ်ဦးပါ။ လှူဒါန်းသူလည်း အသက်တစ်ချောင်း ကယ်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရသလို လာရီ ( Larry) တို့လင်မယားနှစ်ယောက်လည်း အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။