လူသုံးယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့သူ (၇)နှစ် အရွယ် သားလေး

blank

အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ရုတ်တရက် ပြေးမြင်လိုက်ကြတာက မိဘတွေကိုပါ။ မိဘတွေဟာ သူတို့ဘဝတွေ၊ အချိန်တွေ၊ လုပ်အားတွေရင်းနီးပြီး သားသမီးတွေရဲ့ ဘဝအောင်မြင်တိုးတက်ဖို့ ရှေးရှုပြီး ပြုစုပျိုးထောင်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း တစ်ခါတစ်လေ မထင်မှတ်ထားတာတွေ ဖြစ်တတ်ပါတယ်။ ကြီးမားတဲ့ ထူးဆန်းအံ့သြဖွယ်တွေဟာ တစ်ခါတစ်လေ ဘာမှမပြောပလောက်တဲ့ အရာလေးတွေကလည်း ရလာတတ်ပါတယ်။

အောက်ဖော်ပြပါ အဖြစ်အပျက်လေးကတော့ မိခင်ဖြစ်သူကို ကျောက်ကပ်ပေးပြီး အသက်ဆက်ပေးခဲ့သူ သာငယ်လေးချန်းရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အသက် (၅) နှစ်အရွယ် ချန်း (Chan) လေးဟာ အလွန်ဆိုးရွားတဲ့ ဦးနှောက်ကင်ဆာ ရောဂါခံစား နေရပါတယ်။ သားငယ်လေး ဝေဒနာ ခံစားနေရတယ်ဆိုတာ သိပြီး မကြာခင်မှာပဲ မိခင်ဖြစ်သူကလည်း ကျောက်ကပ်ဝေဒနာ စတင် ခံစားခဲ့ရပါတယ်။ သားအမိနှစ်ယောက် ဆေးရုံမှာ အပြန်အလှန်အားပေး ပြုစုကြရင်း ဒုက္ခကြီးစွာ ခံစားနေခဲ့ ကြရပါတယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း ချန်း လေးဟာ မျက်စိတွေကွယ်၊ ကိုယ်တစ်ပိုင်းလည်း မလှုပ်ရှားနိုင်တော့ပါဘူး။ သူ့အမေကတော့ အဲဒီအချိန်ထိ သားဖြစ်သူအတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်။ သူမရောဂါကလည်း ကျောက်ကပ် အစားထိုးမကုနိုင်ဘူးဆို ပြန်ကောင်းလာဖို့ မလွယ်ပါတော့ဘူး။

တစ်နေ့မှာတော့ ဆရာဝန်က ချန်းလေးရဲ့ အဖွားကိုခေါ်ပြီး ချန်းလေး အသက်မရှင်နိုင်တော့တဲ့ အကြောင်းနဲ့ အကယ်၍ သူ့ကျောက်ကပ်ကို မိခင်ဖြစ်သူကို အစားထိုး ကုသလိုက်မယ်ဆိုရင်တော့ မိခင်အသက်အတွက် စိတ်အေးနိုင်ပြီ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါကို ကြားလိုက်မိတဲ့ ချန်းလေးဟာ အရမ်းပျော်သွားပြီး မိခင်ဖြစ်သူကို ကျောက်ကပ်လှူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိခင်ဖြစ်သူလည်း ကြားကြားချင်း ဘယ်လိုမှမခံစားနိုင်တာကြောင့် ဝမ်းနည်းပက်လက် ငိုကြွေးတော့တာပါပဲ။ နောက်ဆုံးတော့လည်း ချန်းလေး စိတ်ချမ်းသာဖို့ သူပေးတဲ့ ကျောက်ကပ်နဲ့ ခွဲစိတ်ကုသဖို့ လက်ခံလိုက်ပါတယ်။

သူမအတွက် တစ်ခုတည်းသောစိတ်ဖြေရာကတော့ သားလေးမရှိတော့တဲ့နောက် သူပေးခဲ့တဲ့ ကျောက်ကပ်နဲ့ အသက်ဆက်ရှင်နေရတယ် ဆိုတဲ့ အသိလေးပါပဲ။ သိပ်မကြာတဲ့ ရက်ပိုင်းလေးမှာပဲ ချန်းတစ်ယောက် လူ့လောကကနေ အပြီးနှုတ်ဆက် ထွက်ခွာ သွားခဲ့ပါတော့တယ်။

ကံကောင်းထောက်မစွာနဲ့ ချန်းလေးရဲ့ တစ်ရှူးမျိုးစိတ်တွေနဲ့ အဆင်ပြေတာကြောင့် မိခင်ဖြစ်သူရဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ချန်းလေးဟာသူ့ရဲ့ ဘယ်ဘက်ကျောက်ကပ်တစ်ခြမ်းနဲ့ မိခင်ဖြစ်သူ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ညာဘက်ကျောက်ကပ်တစ်ခြမ်းနဲ့ (၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပြီး သူ့ရဲ့ အသည်းနဲ့ (၂၇) နှစ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ အသက်ကိုပါ ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီလိုငယ်ရွယ်တဲ့ ကလေးလေးတစ်ယောက်က လူသားသုံးယောက်ရဲ့အသက်ကို ကင်တင်ပေးခဲ့တယ်ဆိုတာ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီဖြစ်ရပ်ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ လူတွေလည်း ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။

သဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။