ဆင်းရဲခြင်း ချမ်းသာခြင်း ဟူသည်

blank

အလွန်ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်ဟာ သားဖြစ်သူကို ဆင်းရဲသောသူတို့၏ ဘဝနေထိုင်မှုပုံစံတွေကို လေ့လာရန်အတွက် ကျေးတောရွာလေးကို အလည်အပတ် အနေနဲ့ ခေါ်သွားခဲ့ပါတယ်။ (၂) ရက်လောက်နေပြီး ပြန်လာကြတော့ အပြန်လမ်းမှာ အဖေဖြစ်သူက “ဘယ်လိုလဲ သား ဒီခရီးကို ကျေနပ်ရဲ့လား” ဆို မေးလိုက်ပါတယ်။

သားဖြစ်သူက ” အရမ်း သဘောကျတယ် ဖေဖေ “လို့ ပြောလိုက်ပါတယ်။

“ဆင်းရဲနွမ်းပါးသူတွေ ဘယ်လို နေထိုင်ရလဲဆိုတာ သားတွေ့ပြီ မဟုတ်ဘူးလား။ ကဲပြောပါအုံး။ သား ဒီခရီးက ဘာသင်ခန်းစာတွေ ရလိုက်လဲ ဆိုတာ” လို့မေးတဲ့အခါ

“သတိထားမိတာတော့ ကျွန်တော်တို့ဆီမှာ ခွေးတစ်ကောင်တည်း ရှိတယ်။ သူတို့ကတော့ အိမ်တစ်အိမ်မှာ ခွေးလေးကောင်လောက် ရှိတယ်။”

“ကျွန်တော်တို့မှာတော့ ရေကူးကန်သေးသေးလေး ရှိတယ်။ သူတို့အတွက်တော့ ကျယ်ပြောလှတဲ့ မြစ်ပြင်ကျယ်ကြီး ရှိတယ်။”

“ညည ဆို ကျွန်တော်တို့က မီးရောင်တွေ တဖွေးဖွေးနဲ့ သူတို့ကတော့ လမင်းကြီးရဲ့ အလင်းရောင်နဲ့ အပန်းဖြေကြတယ်။” ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အိမ်ခြံဝန်း ကျဉ်းကျဉ်းလေးနဲ့ နေရပေမယ့် သူတို့ကတော့ အဆုံးမရှိတဲ့ ကွင်းပြင်ကြီးတွေနဲ့။”

” ကျွန်တော်တို့က စားစရာတွေကို ဝယ်စားရတယ်။ သူတို့ကတော့ ကိုယ်တိုင်စိုက်ပျိုး စားသောက်ကြတယ်။

” ကျွန်တော်တို့ကို ကာကွယ်ဖို့တော့ နံရံကြီးတွေရှိပြီး သူတို့ကို ကာကွယ်ဖို့တော့ ခင်မင်ရင်းနီးရသူတွေရှိတယ်။

“ကျွန်တော်တို့ ဘယ်လောက်ဆင်းရဲလဲ ဆိုတာ ကောင်းကောင်းကြီး မီးမောင်းထိုးပြပေးတဲ့ အတွက် ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။” တဲ့။

ကောင်လေးစကားဆုံးသွားတဲ့ အခါမှာတော့ ဖခင်ဖြစ်သူဟာ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

ဒီပုံပြင်လေးကနေ ရလိုက်တာကတော့ တစ်ချို့အရာတွေဟာ အများအမြင်မှာ တန်ဖိုးမရှိဘူးထင်ရပေမယ့် တန်ဖိုးထားတတ်သူအတွက်တော့ သိပ်ကို အဖိုးတန်လွန်းလှတယ် ဆိုတာပါပဲ။ ဒီတော့ ဆင်းရဲ ချမ်းသာမှုဆိုတာလည်း စည်းစိမ်ဥစ္စာတွေအပေါ်မှာ မမူတည်ပါဘူး။ ခံယူတဲ့သူအပေါ်မှာပဲ မူတည်နေတယ်ဆိုတာကို ဒီပုံပြင်လေးက မီးထိုးပြထားပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။