ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီး ပိုမိုသာယာလှပ လာစေဖို့

blank

၁။ ကိုယ်ယူထားတာထက် ပိုပေးနိုင်အောင်ကြိုးစားပါ။

၂။ ကိုယ်တစ်ယောက်တည်းကောင်းဖို့ ဆိုတာထက် အများကောင်းကျိုးအတွက် စဉ်းစားလုပ်ဆောင်ပါ။

၃။ လူမှုဆက်ဆံရေးမှာ တစ်ဦးနဲ့တစ်ဦး အတားအဆီးဖြစ်မယ့် နံရံတွေ တည်ဆောက်မယ့်အစား တံတားတွေကို တည်ဆောက်ပါ။

၎။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ အရာတွေကို ကြေကွဲဝမ်းနည်း နေမယ့်အစား အရာရာ အကောင်းမြင်စိတ်နဲ့ ဖြေသိမ့်တတ်ပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ တစ်ဖက်လူ ပြောစကားတွေကို ဝတ္တရားအရ နားထောင်မယ့်အစား စိတ်ဝင်တစား နဲ့ ဂရုတစိုက် နားထောင်တတ်ပါ။

၆။ ကိုယ်မပိုင်ဆိုင်ထားတဲ့အရာတွေကို လိုချင်တပ်မက်နေမှာထက် ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားတတ်ပါ။

၇။ ကိုယ့်ထင်မြင်ယူဆချက်တွေကို မမျှဝေခင်မှာ တစ်ဖက်သား အမြင်တွေကို ဂရုတစိုက် နားထောင်ပါ။

၈။ ကိုယ့်လုပ်ရပ်တွေ အတွက် တာဝန်ယူတတ်ပါ။

၉။ တစ်ဦးတစ်ယောက်ထဲက အသာစီးရနေမှာထက် အမြဲ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းကိုရွေးချယ်ပါ။

၁၀။ ကိုယ်သိတာလေးနဲ့ ပိတ်မနေဘဲ အရာရာမျက်စိပွင့် နားပွင့်နဲ့ နေပါ။

၁၁။ တစ်ဖက်လူပြောတိုင်း မျက်စိမှိတ်ယုံနေမယ့်အစား ကိုယ်တိုင်စူးစမ်းပါ။

၁၂။ မသေချာမရေရာမှုတွေ နောက်လိုက်နေမယ့်အစား ကိုယ်နိုင်တာကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်ပါ။

၁၃။ လေးစားမှုကို အကြောက်တရားနဲ့ ဖန်တီးယူနေမယ့်အစား လေးစားမှုနဲ့ထိုက်တန်အောင်နေထိုင်ပါ။

၁၄။ ကိုယ်မလုပ်နိုင်တာတွေကို ထိုင်ဆင်ခြေပေးနေမယ့်အစား လုပ်နိုင်တာကို ထလုပ်လိုက်ပါ။

၁၅။ သမရိုးကျ လုပ်ဆောင်မှုလေးတွေနဲ့ သာမန်ဘဝမှာပျော်နေမယ့်အစား တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ပြီး အောင်မြင်မှုတွေကိုခံစား ပျော်ရွှင်ပါ။

၁၆။ ကိုယ်အတ္တကိုယ် အရောင်ဆိုးနေမှာထက် အားနည်းသူတွေကို ထောက်ပံ့ကူညီပါ။

၁၇။ သူတပါးကို ပြောင်းလဲဖို့ ကြိုးစားနေမယ့်အစား ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင် လုပ်ပါ။

၁၈။ မတရားမှုတွေတွေ့လာခဲ့ရင် ရဲရဲ ဝံ့ဝံ့ရင်ဆိုင်ပါ။ ကိုယ်တိုင်လည်း မှန်မှန်ကန်ကန်နေထိုင်ပါ။

၁၉။ အပြောတွေများနေမှာထက် လုပ်ဆောင်မှုနဲ့သက်သေပြပါ။

၂၀။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လူ့အခွင့်အရေးကို လေးစားပါ။

၂၁။ ပြဿ     နာတစ်ခုဖြစ်လာရင် ဝေဖန်ရေးတွေ လုပ်နေမှာထက် သင့်တော်မယ့် အဖြေတစ်ခု ရလာဖို့ပဲ အာရုံစိုက်ပါ။

အထက်ဖော်ပြပါ အကြံညဏ်လေးတွေက ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးကို ပိုမိုနေပျော်လာစေဖို့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါ။ နောင်လာမယ့် မျိုးဆက်သစ်လေးတွေဆီ လက်ဆင့်ကမ်းပေးရမယ့် ဘဝနေထိုင်ရေး အမွေအနှစ်တွေဆိုလည်း မမှားပါဘူး။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။