မဖြစ်မနေ သိထားသင့်တဲ့ ဘဝနေနည်းဆိုင်ရာ သင်ခန်းစာလေးများ

blank

ဘဝဆိုတာ အမြဲမပြတ် သင်ယူနေရတဲ့ စာသင်ခန်း တစ်ခုလိုပါပဲ။ ကျွန်ုပ်တို့ ကိုယ်တိုင်ရဲ့ အတွေ့အကြုံတွေကသော်လည်းကောင်း အခြားသူတွေရဲ့ အဖြစ်အပျက်တွေကနေ သော်လည်းကောင်း သင်ယူနေကြရပါတယ်။ အခြေအနေတွေဟာ ကိုယ့်ခံယူမှု၊ ကိုင်တွယ်ဖြေရှင်းမှုတွေ အပေါ်မှာ မူတည်ပြီး အကောင်းအဆိုး ရလာဒ်တွေ ဖြစ်လာရတာပါ။

ဒါကြောင့် အခြေအနေတိုင်းကို အကောင်းမွန်ဆုံး ရပ်တည်ဖြေရှင်းနိုင်ဖို့ အောက်ဖော်ပြပါ အချက်လေးတွေကို သတိထားလေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။ ကိုယ်တစ်ကယ် စိတ်ထဲက နှစ်နှစ်ကာကာ မလုပ်ချင်ဘဲ လုပ်နေရတဲ့ အရာတွေရှိခဲ့ရင် စွန့်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ။ စိတ်ဝင်စားမှုမရှိဘဲ ထိပ်ဆုံးမရောက်နိုင်ပါဘူး။

၂။ တစ်စုံတစ်ယောက်ကို ကိုယ့်အနားမှာနေဖို့ ဆွဲထားနေရပြီဆို သူဟာ သင့်ရဲ့ တကယ့်ချစ်သူ အစစ်အမှန် မဟုတ်သေးပါဘူး။ ချည်နှောင်ထားရပြီ ဆိုကတည်းက အချစ်စစ်မဟုတ်ဘူးဆိုတာ နားလည်ပါ။

၃။ မာန်မာန နှိမ့်ချခြင်းက မွန်မြတ်လှတဲ့ သူတော်ကောင်းတရားပဲ ဖြစ်ပါတယ်။ အရာအားလုံးသိမြင်ရင်တောင်မှ မိမိကိုယ်ကို နှိမ့်ချနေထိုင်ခြင်းဖြင့် အခြားသူတွေကိုသင့် အေးချမ်းတဲ့ ဘဝနေထိုင်မှုတွေကို ကူးစပ်လိုက်ပါ။

၎။ အခြေအနေတွေက စွမ်းအားမရှိပါဘူး။ ကောင်းခြင်းဆိုးခြင်းဆိုတာ ကိုယ်ရဲ့ စဉ်းစားတွေးခေါ်မှု၊ ကိုင်တွယ် ဖြေရှင်းမှုတွေပေါ်မှာသာ မူတည်တာပါ။ ဆိုးရွားတဲ့ အခြေအနေချင်း တူဦးတော့ တစ်ဦးနဲ့ တစ်ဦး ခံယူပုံချင်း မတူကြပါဘူး။ တစ်ယောက်က စိတ်ပျက်စွာနဲ့ အမုန်းတရားတွေ ရှေ့ထား ဖြေရှင်းနေချိန်မှာ အခြားတစ်ယောက်က ဒီအခြေအနေကနေ အားမာန်အပြည့်နဲ့ ရုန်းထွက်ပြီး အနာဂတ်အတွက် သင်ခန်းစာတွေ ယူနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုခံယူမှုတွေအပေါ် မူတည်ပြီး အကောင်းအဆိုးရလာဒ်တွေ ဖြစ်ပေါ်လာရတယ်ဆိုတာ သတိရှိပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ဘဝက ဘာမှမလုပ်ဘဲ အချိန်တွေ ကုန်ဆုံးပစ်ရလောက်အောင် မရှည်လျားပါဘူး။ အလိုမကျမှုတွေနဲ့ အချိန်တွေ ဖြုန်းတီးပစ်မိနေလဲဆိုတာ သတိထားကြည့်လိုက်ပါ။ ဒီလိုအချိန်တွေများနေပြီ ဆိုရင်တော့ ချက်ချင်း အကျိုးရှိစေမယ့် အရာ တစ်ခု ထလုပ်လိုက်ပါ။

၅။ ဆင်ခြေပေးခြင်းနဲ့ ဘဝ ပြောင်းလဲတိုးတက်ခြင်းဟာ တစ်ချိန်တည်းမှာ လုပ်လို့ရတဲ့ လုပ်ရပ်တွေမဟုတ်ပါဘူး။ ဒီတော့ ဘဝတိုးတက်အောင် ဆောင်ရွက်ဖို့ ဘာကိုရွေးချယ်မလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။

၆။ အပျက်သဘောဆောင်တဲ့ သူတွေနဲ့ ဝေးရာမှာ နေလိုက်ပါ။ တစ်ခုခုဆို မလုပ်ခင်က အားလျော့စေမယ့် အကြောင်းအရာတွေကို လျစ်လျူရှုနိုင်အောင် ကြိုးစားပါ။ အဲဒီအရာတွေကို ထားခဲ့ပြီး ခြေလှမ်းသစ်တွေ စတင်လိုက်ပါ။

၇။ လူတိုင်းမှာ ဘဝရည်မှန်းချက် ပန်းတိုင်တွေဆိုတာ ရှိကြစမြဲပါ။ သို့ပေမယ့်လည်း ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို လျှောက်လှမ်းနေချိန်မှာ နောက်ကွယ်ကနေ အထောက်အပံ့ပေးနေတဲ့ မမြင်နိုင်တဲ့ စွမ်းအားတွေ အများကြီး ရှိနေပါတယ်။ ဒါကို ဘုရားသခင် ကောင်းချီးပေးတယ်လို့ပဲ ဆိုဆို ၊ တိုက်ဆိုင်မှုလို့ပဲ ဆိုဆို ၊ ကံကောင်းတယ်လို့ပဲ ပြောပြော အဲဒီအရာတွေ တကယ်ရှိနေတယ်ဆိုတာ လက်ခံ ယုံကြည်လိုက်ပါ။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ဖို့ မမေ့နဲ့နော်။