အသက် ၁ဝဝ ပြည့် အထိမ်းအမှတ်အနေနဲ့ Sky-diving ထိုးခဲ့တဲ့ အဖွားအိုလေး

blank

ဂျီအောဂီနာ ဟာဝုဒ် (Georgina Harwood) ဆိုတဲ့ ရဲရင့်ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ အဖွားအိုလေးဟာ သူမရဲ့ နှစ်(၁ဝဝ)ပြည့် မွေးနေ့ကို စိတ်လှုပ်ရှားရင်ခုန်ဖွယ် ကျင်းပချင်တာကြောင့် (၃၇ဝဝ)ကီလိုမီတာ အမြင့်ပေက ပျံသန်းနေတဲ့ လေယာဉ်ပေါ်ကနေ ခုန်ချပြီး Sky-dive လုပ်ခဲ့တာပါ။ သူမရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေ စုစုပေါင်း (၁၅) ယောက်ကလည်း သူမနဲ့ အတူ စွန့်စားပျော်ရွှင် ပေးခဲ့ကြပါတယ်။

ဒီလောက်စွန့်စားရုံနဲ့ အဖွားအိုလေးက မကျေနပ်သေးပါဘူး။ ပိုပြီး သည်းထိပ်ရင်ဖိုဖွယ်ကောင်းတဲ့ လုပ်ရပ်လေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါသေးတယ်။ အသက်ရှူဝအောင် အောက်ဆီဂျင် အလုံအလောက်နဲ့ မွန်းမံထားတဲ့ လှောင်အိမ်ထဲဝင်ပြီး ငမန်းတွေကို အစာကျွေးဖို့ ပင်လယ်ထဲကို ဆင်းသွားပါတယ်။ ဘယ်လောက်တောင် စွန့်စားမှုကို နှစ်သက်တဲ့ အဖွားအိုလေးလဲနော်။

စာဖတ်ပရိသတ်ကြီးတို့ရေ… ဒီ အသက် ၁ဝဝ ရှိနေပြီဖြစ်တဲ့ အဖွားအိုကတောင် ဘဝကို စွန့်စွန့်စားစားနဲ့ ပျော်ရဲသေးတာပဲ။ ကျွန်ုပ်တို့လည်း အချိန်ရှိပြီး ငယ်ရွယ်နေချိန်မှာ ကိုယ်လုပ်ချင်ရာ၊ သွားချင်ရာတွေကို လွတ်လပ်ပေါ့ပါးစွာ မလုပ်သင့်ဘူးလား။ ဘဝမှာ ကိုယ်ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ မသိနိုင်တဲ့အတွက် ရှိတဲ့အချိန်လေးမှာ ကိုယ့်ကို စိတ်ပျော်စေမယ့် အရာတွေကို လုပ်ကိုင်လိုက်ပါ။ ပျော်ရွှင်မှုတွေကို ဆိုင်းငံ့ မထားပါနဲ့။

blank

blank

blank

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။