ကိုယ့်တာဝန်ကိုယ်ယူပြီး ယုံကြည်မှုအပြည့်နဲ့ ရပ်တည်သော မိန်းမမျိုး

blank

ဒီလိုအမျိုးသမီးတွေမှာ သာမန်လူတွေနဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေပါတယ်။ သူတို့ ဘာလိုချင်လဲဆိုတာကို အတိအကျသိပြီး အဲဒီအရာကို ရအောင်ယူဖို့လည်း သတ္တိရှိကြတယ်။ အရာအားလုံးကို စဉ်စားချင့်ချိန်ပြီးမှ လုပ်တာမို့ တစ်ခုခုမှား သွားခဲ့ရင်တောင် နောင်တမရကြပါဘူး။

အောက်ဖက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ လူတိုင်းက ချစ်ခင်လေးစား အားကျရတဲ့ သိပ်ကို ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်မှာ မလွဲပါပဲ။

၁။ လူတွေရဲ့ အာရုံစိုက်ခြင်းကို အမြဲခံရတယ်။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အခြားပေါင်းသင်းဆက်ဆံရေး တွေမှာပဲ ဖြစ်ဖြစ် လူတွေက ဦးဆောင်သူအဖြစ် နေရာပေး လိုကြတယ်။ စကားဝိုင်းတွေမှာလဲ လူတွေကို လွှမ်းမိုးနိုင်တာမို့ အားလုံးကို ရယ်မောပျော်ရွှင်နိုင်အောင် ဖန်တီးနိုင်တယ်။

၂။ နေ့စဉ်ဘဝမှာရော ဘဝတစ်လျှောက်လုံး အတွက်ပါ ရည်ရွယ်ချက်ရှိရှိ အသက်ရှင်တယ်။

တစ်နေ့ချင်းအဓိပ္ပါယ်ရှိရှိ ဖြတ်သန်းတယ်။ ဘာမှ ရေရေရာရာ မလုပ်လိုက်ရဘဲ ပြီးဆုံးသွားတဲ့နေ့မျိုး မရှိပါဘူး။ သူ့ရဲ့ လုပ်ရပ်တိုင်းဟာ ရည်ရွယ်ချက်ရှိပါတယ်။

၃။ တစ်ယောက်ထဲနေဖို့ မကြောက်ရွံ့ပါဘူး။

ကိုယ်တန်ဖိုးထားရတဲ့ Relationship တစ်ခု ပျက်စီးသွားရင်တောင် အဲဒီထဲမှာ မျောမနေဘဲ ဘဝမှာ အဓိပ္ပါယ်ရှိတဲ့ အရာတွေအများကြီး လုပ်လို့ ရသေးတယ်ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်တယ်။ ကိုယ်ဝါသနာပါတာတွေလုပ်တာတို့၊ မတွေ့တာကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတို့နဲ့ တွေ့ပြီး ဘဝကို အတတ်နိုင်ဆုံး နေပျော်အောင်နေတယ်။

၎။ ဘဝကို ညီညွတ်မျှတစွာ နေထိုင်ဖြတ်သန်းတယ်။

နှလုံးသားနဲ့ ဦးနှောက်ကို ညီညွတ်မျှတစွာ အသုံးချတယ်။ ကျန်းမာရေးအတွက် ညီညွတ်မျှတစွာ နေထိုင်သလို အသိပညာ တိုးတက်ဖို့လည်း အမြဲလေ့လာနေတယ်။ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ အတွက် ကြိုတင်ပြင်ဆင်ထားတယ်။

၅။ အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့ အမြဲအသင့်ရှိနေတယ်။

သူဟာ ပြောင်းလဲမှုမရှိဘဲ ကြီးမားတဲ့ တိုးတက်အောင်မြင်မှု မရလာနိုင်ဘူး ဆိုတာကို ကောင်းကောင်း နားလည်ထားသူပါ။ အဲဒီလို ဖြစ်လာဖို့အတွက်လည်း တစ်ခုခုကို ပေးဆပ်ရစမြဲ ဆိုတာကိုလည်း သိနေသူပါ။ ဒီအပြောင်းအလဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားလိုက်လို့ ရလာမယ့် အရည်အချင်းကို တန်ဖိုးထားတယ်။

၆။ သူတို့ကို လူတွေက နားလည်ဖို့ ခက်ခဲတယ်။

ကိစ္စတစ်ခုကို အမြဲစဉ်းစားချင့်ချိန်ပြီးမှ လုပ်လေ့ရှိတယ်။ ဆုံးဖြတ်ပြီးသွားရင်လဲ ကိုယ့်ခံယူချက်ကို ပြင်ဆင်ဖို့ လုံးဝ စိတ်မကူးတော့ဘူး။ ဒါကြောင့် လူတွေနဲ့ အမြင်မတူတဲ့ ကိစ္စတွေမှာ သူတို့ကို နားလည်ဖို့ အတော်ခက်ခဲသွားပါပြီ။

၇။ စွန့်စားရတာ အရမ်း သဘောကျတယ်။

“သဘောင်္ဟာ ဆိပ်ကမ်းမှာနေရင် အန္တရာယ်ကင်းတယ်။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်မှန်က ဆိပ်ကမ်းမှာ အမြဲရပ်နေဖို့ မဟုတ်ဘူး”ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတယ်။ စွန့်စားမှုမရှိဘဲ နေရတာကို ငြီးငွေ့တယ်။ သက်တောင့်သက်သာဖြစ်ဖို့ထက် ရှေ့ဆက်မယ့်လမ်းခရီးအတွက် ကြမ်းတမ်းပါစေ စွန့်စားဖို့ အသင့်ရှိနေတယ်။

၈။ ကိုယ်မကျွမ်းကျင်တဲ့ အရာတွေကို အမြဲစူးစမ်း လေ့လာနေတယ်။

အရာအားလုံးကို ကျွမ်းကျွမ်းဝင်ဝင်သိသူတစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာကို လက်ခံထားတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အထင်ကြီးတာမျိုး မဖြစ်တော့ပါဘူး။ နောက်ပြီး သင်ယူစရာရှိတာတွေကို အချိန်နဲ့အမျှလေ့လာ သင်ယူနေတယ်။ ကိုယ်သိထားတဲ့ ပညာတွေကိုလည်း အခြားသူတွေကို ဖြန့်ဝေပေးလေ့ရှိတယ်။

၉ ။ ဘယ်တော့မှ လွယ်လွယ်လက်မလျှော့ဘူး။

ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့အရာကို ဇွဲလုံ့လ အပြည့်နဲ့ ကြိုးစားယူတယ်။ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ဒါဟာ တော်ရုံလူတွေမှာ တွေ့ရခဲတဲ့ အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share။