ဘဝရဲ့ အလွတ်လပ် အပေါ့ပါးဆုံး အခိုက်အတန့်လေးတွေ

blank

၁။ နောက်ဆုံးဘာသာ ဖြေပြီး စာမေးပွဲခန်းထဲက ထွက်လာတဲ့အချိန်။

၂။ သင်းတန်းသွားရမှာ ပျင်းနေတဲ့အချိန် သူငယ်ချင်းက အတန်းမရှိကြောင်း လှမ်းပြောတဲ့ အချိန်။

၃။ မနက်အိပ်ရာထ နာရီကြည့်လိုက်တဲ့ အချိန် နောက်ထပ် (၅)မိနစ်အိပ်လို့ရသေးတယ် ဆိုတာ သိလိုက်ရတဲ့ အချိန်။

၎။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အရမ်းရင်းနီးတဲ့ သူငယ်ချင်းနဲ့ နဂိုအတိုင်းအချိတ်အဆက်မိမိ ပေါ့ပေါ့ပါးပါးစကားပြောနေတဲ့အချိန်။

၅။ မွေးခါစ ကလေးလေးရဲ့ လက်ကလေးတွေနဲ့ ထိတွေ့လိုက်ရတဲ့ အချိန်။

၆။ ညအချိန် တိတ်ဆိတ်တဲ့ လမ်းမထက်မှာ တစ်ယောက်ထဲ လမ်းလျှောက်ရင်း အတိတ်က ကြည်နူးစရာလေးတွေ ပြန်တွေးမိတဲ့အချိန်။

၇။ မိုးရွာနေတဲ့အချိန် အဝေးပြေးလမ်းမပေါ်မှာ စိတ်လက်ပေါ့ပါးစွာ စက်ဘီး(သို့) ဆိုင်ကယ် စီးနေတဲ့အချိန်။

၈။ လူတစ်ယောက် ကိုယ့်ကို ကြည်ကြည်နူးနူး ကြည့်နေတာကို တွေ့လိုက်ရလို့ တစ်ယောက်ထဲ ပြုံးမိတဲ့အချိန်။

၉။ ဘုရားသခင်ကိုယ့်ကို စောင့်ရှောက်နေသလို ခံစားရပြီး စိတ်အေးချမ်းနေတဲ့ အချိန်။

၁၀။ နောက်ဆုံး တစ်ချက်ကတော့ “အခု လက်ရှိအချိန်ပါပဲ” သင်ဒီစာကို ဖတ်ပြီး ကြည်ကြည်နူးနူး ပြုံးနေတယ်လေ။ 🙂

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျရင် Share။