သူမဈာပနာ တက်ရောက်ပေးကြရန် အသနားခံခဲ့သော အသက်(၉၀) အထီးကျန် အဖွားအိုတစ်ဦး

blank
Photo Credit: http://www.dailymail.co.uk/

တရုတ်နိုင်ငံမှာရှိတဲ့ အသက် (၉၀) အရွယ်ရှိ ဆုကွိန်ယင် (Su Guiying) ဟာ လူမှု အဖွဲ့အစည်းတွေကို သူမဈာပနာ တက်ရောက်ကြရန် အသနားခံစာကို သတင်းစာထဲမှာ ကြော်ငြာခဲ့ပါတယ်။ သနားစရာကောင်းလွန်းလှတဲ့ သူမစာလွှာကြောင့် သူမကို မိသားစုအဖြစ် မွေးစားချင်တဲ့သူတွေ လာရောက်ခဲ့ကြပါတယ်။

သူမအဖြစ်က သိပ်ကိုဝမ်းနည်းစရာကောင်းပါတယ်။ သူမကလေး (၁၇) ယောက်လုံးဟာ မွေးပြီးပြီချင်း (သို့) အသက်ငယ်ငယ်လေးမှာပဲ ဆုံးပါးသွားခဲ့ကြပါတယ်။ အဲဒီနောက်မှာ (၂)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို မွေးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အသက်(၁၉)နှစ်ရောက်တဲ့အခါ သူမရဲ့ မိဘရင်းတွေဆီ ပြန်သွားခဲ့ပါတယ်။ အထီးကျန်ခဲ့တဲ့ သူမဘဝ တဖန်ပြန်ပြီး ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမ လိုချင်တဲ့ မိသားစုပုံစံမျိုးကို ပတ်ဝန်းကျင်ရဲ့ဖေးမမှု ကတစ်ဆင့် ရရှိခဲ့ပါတယ်။ တစ်လကို ပင်စင် ဒေါ်လာ(၁၅ဝ) ရပါတယ်။ အခြားလိုအပ်တဲ့ အကူအညီတွေကိုလည်း အိမ်နီးနားချင်းတွေကနွေးနွေးထွေးထွေး ပေးခဲ့ပါတယ်။

‘ကျွန်မဖြင့် ဒီလိုဘဝမျိုးကို မပိုင်ဆိုင်ရတော့ဘူး ထင်ခဲ့တာ ‘လို့ အပျော်မျက်ရည်တွေနဲ့ ပြောခဲ့ပါသေးတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကရုဏာ သက်စေရင် Share လိုက်ပါ။