ငွေကြေးနဲ့ ဝယ်ယူလို့မရတဲ့ အရာ (၇)ခု

blank

ကျွန်မကတော့ ပိုက်ဆံဆိုတာ မကောင်းဘူးလို့ မဆိုနိုင်ပါဘူး။ တကယ်တော့ ပိုက်ဆံက လုံးဝမကောင်းတာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် ပိုက်ဆံက မတတ်နိုင်တဲ့ အရာတွေကို ကျွန်မဖော်ပြပေးချင်ပါတယ်။ လူတစ်ချို့ကတော့ ပိုက်ဆံရှိရင် အရာရာပြည့်စုံတယ်လို့ ယုံကြည်ချင်ကြပေမယ့်လည်း ကြီးမားတဲ့အရာတစ်ခုကို လိုချင်တဲ့အချိန်မှပဲ ပိုက်ဆံကဖြည့်ဆည်းပေးနိုင်တယ်လို့ သတ်မှတ်သင့်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ချစ်ခြင်းမေတ္တာ

စွဲလမ်းခြင်းတွေ လိုချင်တပ်မက်ခြင်းတွေမရှိတဲ့ ချစ်ခြင်းမျိုးက ငွေကြေးနဲ့ဝယ်ယူလို့မရနိုင်တဲ့ အရာတွေထဲကမှ အကြီးကျယ်အခန်းနားဆုံး အရာတစ်ခုပါပဲ။ စစ်မှန်တဲ့ချစ်ခြင်းကို တိုင်းတာလို့ မရနိုင်သလို တန်ဖိုးဖြတ်လို့လည်း မရနိုင်ပါဘူး။ ကျွန်မကတော့ ချစ်ခြင်းမေတ္တာကို အိမ်ထောင်ပြုသလို ဘဝပေါင်းစည်းလိုက်တာမျိုး မဟုတ်ဘဲ ခံစားချက်တစ်ခုလို့ ရည်ညွှန်းချင်ပါတယ်။ ဒီလို ချစ်ခြင်းမေတ္တာမျိုးတွေဟာ မိဘနဲ့ သားသမီးကြားမှာ၊ မိတ်ဆွေသူငယ်ချင်းကြားမှာ၊ ချစ်သူစုံတွဲတွေ ကြားမှာ အပြင် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးတဲ့စိတ်၊ ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းကို ချစ်မြတ်နိုးတဲ့စိတ် အားလုံးမှာ တွေ့ရနိုင်ပါတယ်။

၂။ပျော်ရွှင်မှု

ပျော်ရွှင်ခြင်းကို ခံစားဖို့ ဘယ်အရာဝတ္ထုပစ္စည်းမှ မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း အခြေခံကျတဲ့ အရာလေးတွေ မရှိရင်တော့ ဘယ်ပျော်ရွှင်နိုင်ပါ့မလဲ။ တခါတရံ ချောကလက် လေးစားတဲ့အခါ ဖြစ်ဖြစ်၊ ဈေးဝယ်ထွက်လိုက်တဲ့အခါ ဖြစ်ဖြစ် ကျွန်မတို့ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် ဒီခံစားချက်က ထာဝရမတည်မြဲပါဘူး။ ငွေကြေးနဲ့ ပစ္စည်းဥစ္စာတွေရဲ့ အကူအညီမပါဘဲ ပျော်ရွှင်ရတဲ့ စစ်မှန်သော ပျော်ရွှင်ခြင်းမျိုးကို ရှာဖွေသင့်ပါတယ်။ ဘယ်နေရာမှာများ ဘယ်လိုသွားရှာ ရပါ့မလဲ။ အောက်ဖော်ပြပါ အချက်လေးတွေကို ဆက်လက်ဖတ်နေရင်း သဲလွန်စလေးတွေ ရရှိလာပါလိမ့်မယ်။

၃။ခင်မင်ရင်းနှီးမှု

စစ်မှန်တဲ့ မိတ်ဆွေဆိုတာ အချင်းချင်း ငွေရေးကြေးရေး အခြေအနေကို မကြည့်ဘဲ တစ်ယောက်ကိုတစ်ယောက် ခင်မင်ရင်းနှီးကြပါတယ်။ ကိုယ့်မိတ်ဆွေတွေက ကိုယ့်ပိုင်ဆိုင်မှုတွေကိုပဲ စိတ်ဝင်စားတဲ့မိတ်ဆွေတွေလား ဆိုတာကို အာရုံစိုက်သင့်ပါတယ်။ မိတ်ဆွေဆိုတာ အပြန်အလှန်သဘောတရား၊ စည်းလုံးနိုင်စွမ်းနဲ့ တူညီတဲ့ဝါသနာလေးတွေအပေါ် အခြေခံသင့်ပါတယ်။ တခြားအကြောင်းအရာ တစ်ခုခုကြောင့် လူနှစ်ယောက်က သိပ်ကိုရင်းနှီးနေကြတယ် ဆိုရင် ဒါက ခင်မင်ရင်းနှီးခြင်း မဟုတ်နိုင်ပါဘူး။ ခင်မင်ရင်းနှီးမှုစစ်မှန်တယ် ဆိုရင် ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတော့ ငွေကြေးနဲ့ ဝယ်ယူအစားထိုးလို့ မရနိုင်တဲ့ အရာတစ်ခုပါ။

၎။သမိုင်းကြောင်း

ကိုယ့်ဘဝရဲ့ သမိုင်းက ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ်။ အတိတ်မှာ ဖြစ်ခဲ့တဲ့အရာတွေ၊ ကိုယ့်မိသားစုတွေအားလုံးက ကိုယ့်ဘဝသမိုင်းရဲ့ အစိတ်အပိုင်းတွေပါပဲ။ ဒီနေ့မှာ ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ အတိတ်က ရေးပြီးခဲ့တဲ့ သမိုင်းကို ငွေကြေးနဲ့ ပြန်ဝယ်လို့ မရနိုင်တော့ပါဘူး။

၅။အလိုဆန္ဒပြည့်ဝခြင်း

လူ့အဖွဲ့အစည်းထဲမှာ ကျင်လည်နေတာက လိုအင်တွေ ပြည့်ဝချင်လို့ပါ။ သန်းကြွယ်သူဌေးအချို့ဟာ ဘာလို့ ဆန္ဒတွေမပြည့်ဝနိုင် ဖြစ်နေရသေးတာလဲ။ ဖြစ်နိုင်တာတစ်ခုက သူတို့တွေဟာ ပိုက်ဆံကို ဘာခံစားချင်လို့ရှာတယ်ဆိုတဲ့ အတွေးထက် ပိုက်ဆံကိုပဲ ဦးတည်တွေးနေခဲ့လို့ပါ။ လူတွေကို ကူညီဖို့ ရည်ရွယ်ခဲ့ရင် ငွေကြေးရှိဖို့ လိုကိုလိုအပ်ပါသလား။ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုအပေါ် အချိန်ပေးပြီး စဉ်းစားပါ။ ဒါမှကိုယ်လိုချင်တဲ့ ကိုယ့်ဆန္ဒပြည့်ဝခြင်းကို ပိုက်ဆံတစ်ပြားတစ်ချပ်မှာ မရှိဘဲနဲ့တောင် ရှာတွေ့မှာ ဖြစ်ပါတယ်။

၆။ကျန်းမာရေး

ငွေကြေးနဲ့ ဆေးဝါးတွေကို ဝယ်ယူလို့ရသလို ဆေးဝါးကုသမှုတွေလည်း ခံယူနိုင်ပါတယ်။ ဒါပေမယ့် စိတ်နဲ့ခန္ဓာ ကျန်းမာနေခြင်းက ငွေကြေးနဲ့ဝယ်ယူလို့မရနိုင်တဲ့ လက်ဆောင်တစ်ခုပါ။ လူတစ်ယောက်က ခွဲစိတ်ကုသခြင်း ခံယူဖို့လိုအပ်လာတဲ့အခါ၊ ဆေးဝါးတွေ ဝယ်ယူဖို့ လိုအပ်လာတဲ့အခါ ဆိုရင် ပိုက်ဆံက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့် ရောဂါမဖြစ်အောင် ကာကွယ်ခြင်းနဲ့ ကျန်းမာနေခြင်းက ငွေကြေးမလိုအပ်ပါဘူး။

၇။အမှတ်ရစရာများ

အမှတ်ရစရာတွေဆိုတာ ကိုယ့်ရဲ့စိတ်နှလုံးထဲမှာပဲ ရှိတာပါ။ ဘယ်သူကမှ ကိုယ့်ဆီကနေ ယူသွားလို့မရနိုင်ပါဘူး။ ကိုယ်ပိုင်မှတ်ဥာဏ်တွေ ထားရှိနိုင်ပါတယ်။ ကိုယ့်ခေါင်းထဲမှာ ကိုယ်သတိရတဲ့အခါ အမြဲထုတ်ကြည့်နိုင်တဲ့ အမှတ်တရလေးတွေက ငွေကြေးနဲ့ဝယ်ယူလို့ မရနိုင်ပါဘူး။

အားလုံးကတော့ ပြေပြေလည်လည်ရှိချင်ပြီး ချမ်းသာချင်ကြတာ များပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်ကိုဦးတည်နေလဲဆိုတာကို ကြိုးစားပြီးစဉ်းစားကြည့်ပါ။ ကျွန်မတို့ဖော်ပြထားတဲ့ အချက်တွေထဲကို ဘယ်အချက်များ ထည့်သင့်ပါသေးသလဲ။ ပရိတ်သတ်ကြီးအတွက်ဆိုရင် ဘယ်အရာက ငွေကြေးနဲ့ဝယ်ယူလို့ မရနိုင်တဲ့ အရေးကြီးတဲ့အရာဖြစ်ပါသလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။