ဘဝလက်တွဲဖော်နဲ့မဆုံဆည်းခင် ဘာတွေ ပြင်ဆင်ထားရမလဲ။

blank
၁။ အသက်မွေးဝမ်းကျောင်းအလုပ်မှာ ဆရာတစ်ဆူဖြစ်အောင် ကြိုးစားပါ။

ကိုယ့်ဘဝရဲ့ဖူးစာရှင်ကို စောင့်ဆိုင်းနေတဲ့အချိန်မှာ  အသက်မွေးဝမ်းကျောင်းတစ်ခုခုမှာ ထိပ်ဆုံးရောက်ပြီး အောင်မြင်နေအောင် ကြိုးစားထားပါ။ အလုပ်အကိုင် အတည်တကျဖြစ်နေတဲ့အခါ  relationship မှာ ငွေရေးကြေးရေး ပြဿနာတွေ လျော့နည်းမှာအသေအချာပါပဲ။

၂။ ကိုယ်နှစ်သက်မြတ်နိုးတဲ့အရာတွေကို ရှာဖွေပါ။

ချစ်သူမရှိသေးတဲ့အချိန်ဟာ ကိုယ့်ရဲ့ဝါသနာတွေ၊ စိတ်ဝင်စားတဲ့အရာတွေကို ပြည့်ပြည့်ဝဝ အချိန်ပေးဖို့ အကောင်းဆုံးအချိန်ပါ။  ဝါသနာမရှိသေးဘူးဆိုရင်လည်း ကိုယ်ကဘယ်အရာတွေမှာ စိတ်ဝင်စားလည်းဆိုတာကို တူးဖော်ထားဖို့ သင့်တော်တဲ့အချိန်ပေါ့။

၃။ခိုင်မြဲတဲ့ သူငယ်ချင်းသံယောဇဉ် တည်ဆောက်ပါ။

ချစ်သူမရှိသေးတဲ့အချိန်ဟာ သူငယ်ချင်းတွေအတွက် အချိန်ပေးဖို့၊ ခိုင်မြဲတဲ့ဆက်ဆံရေးတွေ တည်ဆောက်ထားဖို့ အချိန်ကောင်းတစ်ခုပါ။ ဘဝအခက်အခဲတွေကြားမှာ အပြန်အလှန်အားပေးကူညီနိုင်မယ့် မိတ်ဆွေစစ်တွေဟာလည်းပဲ ချစ်သူလိုပဲ အရေးကြီးတယ်မဟုတ်လား။

၎။ ဘဝအတွက် အခွင့်အလမ်းတွေကို ရှာဖွေပါ။

ခရီးထွက်ချင်နေလား၊ အလုပ်အတွက် အခွင့်အရေးအသစ်တွေ ရှာဖွေချင်နေလား၊ ဒါဟာ အချိန်ကောင်းတစ်ခုပါ။  အိမ်ထောင်ရေးဝဲဂယက်ထဲရောက်သွားရင် ဒီလိုအခွင့်အရေးမျိုးက ဘယ်တော့မှ ထပ်ရမှာ မဟုတ်တော့ပါဘူးနော်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ ကိုယ့်ကိုယ်ကိုယ်သိအောင် ကြိုးစားပါ။

သူတစ်ပါးကို မချစ်ခင်မှာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်သိဖို့ ကြိုးစားပါ။ ကိုယ်ကဘယ်လိုလမ်းကြောင်းတွေနဲ့ လျှောက်လှမ်းချင်လဲဆိုတာကို သိအောင်လုပ်ထားပါ။

၆။ အကျင့်ဆိုးတွေကို စွန့်လွှတ်ထားပါ။

မကောင်းတဲ့ အလေ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာတို့၊ ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေ စားတာတို့စတာတွေကို စွန့်လွှတ်ထားခြင်းဟာ ဖူးစာရှင် ရောက်လာတဲ့အခါကျရင် သင့်ကိုအကောင်းဆုံး တောက်ပနေစေမှာဖြစ်ပါတယ်။

သင့်အနေနဲ့ကော.. ဖူးစာရှင်ရောက်လာတဲ့အချိန်မှာ ဘာလေးတွေ အဆင်သင့်ဖြစ်နေချင်လဲ။