ဓာတ်ခဲမလိုသော ဓာတ်မီးကို တီထွင်ခဲ့တဲ့ ၁၅နှစ်အရွယ် မိန်းကလေး

blank

Scientist GirlAnn MakosinskiAnn Makosinski သည် ကနေဒါနိုင်ငံ British Columbia, Vitoria Junior High School ကအထက်တန်းကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမ၏ စိတ်ကူးမှာ လက်ဖ၀ါးတွင်ရှိသော အပူချိန်ကိုအသုံးပြုပြီး အလင်းရောင်ရရှိစေနိုင်ရန်ဖြစ်သည်။

ဒီစိတ်ကူးကို အထမြောက်စေသည့် အဓိကပစ္စည်းမှာ တစ်ဘက်တွင်ပူနေပြီး တစ်ဘက်တွင်အေးနေလျှင် လျှပ်စစ်ဓာတ်ကို ထုတ်ပေးနိုင်သော (Peltier tiles) များပဲ ဖြစ်ပါတယ်။

အန်၏ဓာတ်မီးမှာ ဟောင်းလောင်းပေါက်ဒီဇိုင်းလေးဖြစ်ပြီး Peltier tiles ၏အပြင်ပိုင်းကို လက်ဖ၀ါး၏ အပူချိန်ဖြင့် နွေးစေမှာဖြစ်ပြီး အတွင်းပိုင်းကို ပတ်ဝန်းကျင်ရှိလေ၏အပူချိန်ဖြင့် အေးစေမှာ ဖြစ်ပါတယ်။ သို့သော်ရရှိလာတဲ့စွမ်းအင်သည် LED မီးလုံးလေးများ လင်းရန်အတွက် လုံလောက်သောဗို့အားကို မပေးနိုင်ပါ။ သူမသည် transformerများတွင် ဗို့အားမြင့်တင်ရန် အသုံးပြုသော circuit မျိုးကိုထည့်သွင်းခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။

သူမ၏တီထွင်ဖန်တီးမှုဖြင့် Ann Makosinski သည်၂၀၁၃ခုနှစ် စက်တင်ဘာလတွင် Google မှကြီးမှူးကျင်းပသော ကယ်လီဖိုးနီးယားပြည်နယ်Science Fair ၏ ဆုရရှိသူ သုံးဦးအနက်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။