CCTV လုံခြုံရေးစနစ်၏ နောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

blank

[quote_box_center]ယနေ့ခေတ်မှာဆိုရင် အိမ်တွင်းလုံခြုံရေး စနစ်တွေက အများကြီးပြောင်းလဲ တိုးတက်လာခဲ့ပါပြီ။ ၁၉၆၆ ခုနစ်တုန်းကဆိုရင် ကိုယ့်အိမ်တွင်းမှာ စောင့်ကြပ်ပေးထားမယ့် စက်ပစ္စည်းကိရိယာတွေကို တွေးတောင်မတွေးမိခဲ့ကြဘူး။ ပထမဆုံး စီစီတီဗီ CCTV (closed-circuit television security system) ကို ဖန်တီးခဲ့သူကတော့ အာဖရိကန်-အမေရိကန် လူမျိုး မေရီ ဗန် ဘရစ်တန် ဘရောင်း(Marie Van Brittan Brown) နှင့် သူမ၏အမျိုးသား အယ်လ်ဘတ် ဘရောင်း(Albert Brown) တို့ဖြစ်ပါတယ်။[/quote_box_center]

ဘရောင်း(Browns) လင်မယား ရဲ့နည်းစနစ်မှာ ချောင်းကြည့်ရုံအပေါက်ငယ်လေး (၄) ပေါက် နှင့် ဒီအပေါက်ကလေးတွေကနေ အပေါ်အောက်ကြည့်ပေးမယ့် ကင်မရာကိုတပ်ဆင်ထားပါတယ်။ ကင်မရာမှတဆင့် ပုံရိပ်တွေဟာ မော်နီတာမှာပေါ်မှာဖြစ်ပြီး တံခါးကို ရီမုတ် ကွန်ထရိုး(remote control) နှင့် ဖွင့်ပေးခြင်းဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၉၆၆ခုနစ်လောက်က အမေရိကန်နိုင်ငံမှာ လူဖြူလူမည်းခွဲခြားမှုတွေ ကျန်ရှိနေသေးသောကြောင့် သူတို့ရဲ့အံ့သြစရာကောင်းတဲ့ လုပ်ဆောင်ချက်က သမိုင်းမတင်နိုင်ခဲ့ပါဘူး။ ၁၉၆၉ခုနစ် New York Times သတင်းစာ၏ ဆောင်းပါးတစ်ခုမှာ ရှားရှားပါးပါး သူ့မှတ်တမ်းတင်ပုံတစ်ပုံ တွေ့ခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ ရှာမယ်ဆိုရင် သူ့ဓာတ်ပုံဆိုလို့ ဖော်ပြပါ အရည်အသွေးသိပ်မကောင်းတဲ့ ပုံလေးတစ်ပုံပဲ တွေ့ရမှာဖြစ်ပါတယ်။

CCTV တစ်ခုပေါ်ပေါက်လာစေဖို့ ဒီလိုအစပျိုးပေးခဲ့တဲ့အတွက် Browns လင်မယားကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဒီတွေ့ရှိမှုတွေကြောင့် ယနေ့ကျွန်မတို့၏ ရာဇ၀တ်မှုတွေဖော်ထုတ်ရာမှာ အဆင်ပြေလွယ်ကူလာခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းတွေ ရွှေဆိုင်လုပ်ငန်းတွေမှာဆိုရင် လုံခြုံရေးစနစ်တွေ အထူးလိုအပ်ပါတယ်။ ဒါပေမယ့် အချို့နေရာဒေသများတွင် လုံခြုံးရေးတွေ ပေါ့လျော့နေတာကိုတွေ့ရတယ်။ မိုးကုတ်မြို့ ၂၀၁၄၊ ဇန်န၀ါရီလမှာဖြစ်သွားခဲ့တဲ့ ရွှေဆိုင်ဓားမြတိုက်မှုလေးကို ဖော်ပြချင်ပါတယ်။ မီးရှန်း နှင့် နဂါး ရွှေဆိုင် နှစ်ဆိုင်လုံး ဆက်တိုက် လက်နက်ကိုင်ပြီး လုယက်ခံရခဲ့ပါတယ်။ လုယက်သူအုပ်စုကို ဖမ်းမိနိုင်ဖို့ CCTV တွေသာတပ်ဆင်ထားမယ်ဆိုရင် အများကြီးအကူအညီ ဖြစ်မှာပါ။ ဒီလို လုံခြုံးရေးစနစ်တွေကိုသာ တပ်ဆင်ကြမယ်ဆိုရင် တစ်ခုခုဖြစ်ခဲ့ရင် အာလုံး အမြန်ဆုံးဖြေရှင်းနိုင်မှာပါ။ အကောင်းဆုံးကတော့ ကိုယ့်ဘက်ကကြိုတင်ကာကွယ်ရမှာပါပဲ။ ယနေ့ခေတ်မှာ Browns လင်မယား၏ အကူအညီကြောင့် အများကြီး အထောက်အကူရတဲ့ CCTV တွေလည်း ပေါ်ပေါက်လာခဲ့ပြီလေ။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။