ကွန်ပျူတာလောကမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ

blank

Ada Lovelace (၁၃၁၅.၁၂.၁၀-၁၈၅၂.၁၁.၂၇)

Ada Lovelace

အဲဒါ လဗ်လေ့စ်(Ada Lovelace) ဟာ အဲဒီခေတ်က အမျိုးသမီးမြို့စားဘွဲ့ခံတစ်ဦးဖြစ်ပြီး အင်္ဂလိပ်လူမျိုး သင်္ချာပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။ သူမဟာစာအုပ်များလည်းရေးသားပြီး အန်နာလိုက်တီကယ် အင်ဂျင်(Analytical Engine) ဆိုတဲ့ ကွန်ပျူတာအကြောင်းကို ရေးသားထားသော စာအုပ်လေးကတော့ သူမကိုလူသိများ စေခဲ့ပါတယ်။ သူပြုစုထားသော မှတ်စုများက ပထမဆုံးစက်နှင့်ဖြေရှင်းလို့ရသော အယ်လ်ဂေါ်ရစ်သမ်(Algorithm) ကိုဖော်ပြထားကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် သူမကို ပထမဆုံး သိပ္ပံနည်းကျတွက်ချက်မှု(scientific computing) ကိုတည်ထွင်သူဟု ခေါ်ဆိုသမုတ်ကြပါတယ်။

အဲဒါ(Ada) က စိတ်ကူးယဉ်ကဗျာတွေရေးစပ်သီကုံးတဲ့ ကဗျာဆရာ လော့ဒ် ဘိုင်ရွန်(Lord Byron) နှင့် အန်နီ အစ်စဘယ်လ် မီလ်ဘန်ခီ(Anne Isabelle Milbanke) တို့၏သမီးဖြစ်ပါတယ်။ အဲဒါ(Ada) ကိုမွေးဖွားပြီး တစ်လသားအရွယ်မှာ မိဘတွေကွာရှင်းခဲ့တာကြောင့် သူဟာ သူ့ဖခင်နှင့်မနေခဲ့ရဘဲ မိခင်ထိန်းကျောင်းမှုအောက်မှာ ကြီးပြင်းခဲ့ရပါသည်။ သူ၏ ကျန်းမာရေးပြန်ကောင်းတလှည့် ချူချာတလှည့်ဘ၀တွင် စိတ်ခံစားမှုနှင့် ဆင်ခြင်တုံတရား၊ ဓမ္မဓိဌာန်ကျမှုနှင့် ပုဂ္ဂလဓိဌာန်ကျမှု၊ ကဗျာလင်္ကာနှင့် သင်္ချာတို့ဟူသော ဆန့်ကျင်ဘက်တရားများကြားမှ မိမိလေ့လာလိုက်စားလိုသည်ကို ရွေးချယ်မှုပြုလုပ်ရန်ပင် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်။

သူ့မိခင်က သူ့ကိုဖခင်ကဲ့သို့ ကဗျာဆရာ မဖြစ်စေချင်ခဲ့ဘူးလေ။ ဖခင်၏ သွေးကြောင့် ကဗျာလင်္ကာ ဗီဇလေးတွေပါနေသော်လည်း အဲဒါ(Ada) ကို သင်္ချာနှင့် ဂီတပညာရပ်တွေကို အထူးလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့အမှန်တကယ်ပါရမီရှိသော ပညာရပ်မှာ သင်္ချာပညာဖြစ်ကြောင်းကို ၁၈၂၈ ခုနှစ်စောပိုင်းတွင် ပျံသန်းနိုင်တဲ့ စက်တစ်ခုကို သူဒီဇိုင်းဆွဲနိုင်ခဲ့ခြင်းမှ သတိပြုမိခဲ့တယ်။

သူနှင့် ခေတ်ပြိုင် သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ချားလိစ် ဘက်ဘေ့ခ်ျ(Charles Babbage) ဟာ Ada ၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးပါ။ Ada (၁၇) နှစ်အရွယ်မှာ ထိုသူနဲ့ တွေ့ခဲ့ပြီး သူတို့က ဂဏန်းသင်္ချာ နှင့်ဆိုင်သော ပညာရပ်တွေအားလုံးမှာ ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Ada ဟာ ၁၈၅၂ ခုနှစ် အသက် (၃၇) နှစ်အရွယ်မှာ ကင်ဆာရောဂါဖြင့်သေဆုံးခဲ့ပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာအတွက် သူမ၏အထောက်အပံ့များကို မကြာသေးခင်ကာလကမှ ပြန်လည်ထုတ်ဖော်နိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ အသစ်တွေ့ရှိရသော သူမ၏ ကိုယ်ရေးရာဇ၀င် အချက်အလက်တော်တော်များများကို Babbage မှ Ada ကိုရည်ညွန်းရေးသားထားသော The Enchantress of Numbers  မှ မီးမောင်းထိုးပြထားပါတယ်။

Hedy Lamarr (၁၉၁၄.၁၁.၉-၂၀၀၀.၁.၁၉)

Hedy Lamarr(

ဟဲဒီ လာမား(Hedy Lamarr) ဟာ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့ပြီး ကြိုးမဲ့ ဆက်သွယ်မှု(wireless communications) နယ်ပယ်အတွက် ဖြစ်ခဲ့ပါတယ်။ လာမား(Lamarr) ဟာ ဂျော့ အန်သီရယ်(George Anthiel) နှင့်တူတူပူးပေါင်းပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီပါတီကို တိုက်ထုတ်နိုင်ရန်အတွက် လျှို့ဝှက်ဆက်သွယ်မှု(Secret Communications System) ကိုတီထွင်ကြံစခဲ့ကြသည်။ ရန်သူ၏ ကြားဝင်တားဆီးခြင်းမှ ကာကွယ်နိုင်သော သတင်းအချက်အလက် သယ်ယူပို့ဆောင်းရေး နည်းစနစ်တစ်ခုကို ရေဒီယိုလှိုင်း၏ ကြိမ်နှုန်းများကို ကျွမ်းကျင်စွာ ထိန်းချုပ်ခြင်းဖြင့် ဖန်တီးနိုင်ခဲ့သည်။

လာမား(Lamarr) နှင့်အန်သီရယ်(Anthiel) တို့၏ တီထွင်မှုအတွက် မူပိုင်ခွင့်ကို ၁၉၄၁ ခုနှစ်တွင် ရရှိခဲ့သော်လည်း ဆယ်စုနှစ်ကျော်ကာလအထိ ကြီးကျယ်စွာအသုံးမချနိုင်ခဲ့ပါဘူး။ ကူးဘားဒုံးဂျီပြဿနာ(Cuban Missile Crisis) ဖြစ်နေစဉ်ကာလတွင် ဒီနည်းပညာကိုစပြီး ရေတပ်သင်္ဘောတွေမှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ နောက်ဆက်တွဲအနေနှင့် စစ်နှင့်ဆိုင်သော နေရာတော်တော်များများတွင် တွင်ကျယ်စွာ အသုံးချနိုင်ခဲ့ပါတယ်။ အထင်ရှားဆုံးအချက်ကတော့ Lamarr တို့၏ တီထွင်ကြံစမှုသည် ဒစ်ဂျစ်တယ်ဆက်သွယ်မှု(digital communication) လောကအတွက် အကြီးအကျယ် အကူအညီပေးနိုင်ခဲ့ခြင်းပါပဲ။ ကြိုးမဲ့စနစ် (wirless) နည်းပညာများဖြစ်ကြသော ဆဲလ်ဖုန်းများ နှင့် ဖက်စ်(fax) machines များအတွက် ကျောထောင့်နောက်ခံ တီထွင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

သူ၏ဆန်းသစ်တီထွင်ခြင်းမှုများသည် ထိုအချိန်ကာလအရ အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။  ယနေ့အချိန်မှာတော့ သူ၏တီထွင်မှုသည် နည်းပညာလောကအတွက် စံချိန်သစ်တစ်ခုဖြစ်ခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ်တွင် သူနှင့် ဂျော့ အန်သီရယ်(George Antheil) တို့အား Electronic Frontier Foundation (EFF) Pioneer Award ကိုချီးမြင့်ခဲ့ကြပြီး တစ်နှစ်တည်းမှာပင် Lamarr သည် BULBIE™ Gnass Spirit of Achievement Award ဆုကိုချီးမြင့်ခြင်းခံခဲ့ရသော ပထမဆုံးအမျိုးသမီးဖြစ်ခဲ့ပါသည်။ ထိုဆုမှာ သိပ္ပံပညာ၏ အော်စကာဟုခေါ်ဆိုကြသော တစ်ဘ၀လုံးအတွက် ဂုဏ်ထူးဆောင်ဆု တစ်ခုပင်ဖြစ်ပါသည်။

Lamarr သည် ၂၀ရာစု၏ အရေးအပါဆုံးတီထွင်သူ သိပ္ပံပညာရှင်များထဲတွင် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူမသည် ရုပ်ရည်ချောမောခြင်းအပြင် အခြားသောအရည်အခြင်းများရှိကြောင်း သက်သေပြနိုင်ခဲ့ပါသည်။

Top Secret Rosies

4_top_secret_rosies

Miscrosoft, IBM နှင့် Apple တို့မပေါ်ခင်အချိန်က computer ဆိုတဲ့ဝေါဟာရဆိုတာ တွက်ချက်တဲ့သူ(သို့) compute လုပ်တဲ့သူကို ရည်ညွှန်းပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်စဉ်ကာလက စစ်တပ်တွေမှာ ပစ်ခတ်ခြင်းတွေ ရေတွက်နိုင်ဖို့အတွက် တွက်ချက်တတ်သောလူများ (human computers) များကိုယုံကြည်အားထားခဲ့ရတယ်။ နိုင်ငံအတွက် အရေးကြုံလာပြီဆိုလျှင် အမျိုးသမီးများကလည်း စစ်ပွဲတွင် ကျရာနေရာမှ အကူအညီပေးကြပါသည်။ အမျိုးသမီး သင်္ချာပညာရှင်များ နှင့် သိပ္ပံပညာရှင်များသည် ဒုတိယကမ္ဘာစစ်အတွင်း အပစ်အခတ်လက်နက်များကို သုသေတနပြုရန် တိတ်တဆိတ် ၀င်ရောက်ကူညီ အားဖြည့်ခဲ့ကြပါသည်။ ဒီအမျိုးသမီးတော်တော်များများသည် ဂျူးလူမျိုးများဖြစ်ကြသည်။

စစ်ပြီးဆုံးကာလရောက်သောအခါ စစ်တပ်မှတာဝန်ရှိသူများသည် ENLAC လို့ခေါ်တဲ့ ပထမဆုံးအထွေထွေသုံးကွန်ပျူတာကို အာရုံစိုက်လာခဲ့သည်။ ENLAC ကို အမျိုးသား အင်ဂျင်နီယာ ၂ဦး ကစတင်တပ်ဆင်ပြီး အမျိုးသမီး တွက်ချက်သူ ၆ဦးတို့က ပထမဆုံး programmer များအဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ဒီလိုဆောင်ရွက်သောအခါမှ programming ပညာရပ်ဟာ သူတို့တွေးထင်တာထက်ပိုမို ရှုတ်ထွေးကြောင်းတွေ့ရှိခဲ့သည်။ သို့သော်လည်း ၀မ်းနည်းစရာကောင်းစွာဖြင့် အမျိုးသမီး programmers များသည် ENLAC အလုပ်လုပ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းအတွက် ဂုဏ်ပြုချီးမွမ်းခြင်းမခံခဲ့ရပါဘူး။

ကုဒ်များကိုရှင်းလင်းခြင်း၊ ပစ်ခတ်ရေးလက်နက်များ ရေတွက်ခြင်း နှင့် program ရေးခြင်း စသည်တို့သည် အထူးလျှို့ဝက်ရသောတာဝန်များဖြစ်ကြသည်။ ထို့ကြောင့် အမျိုးသမီး ကွန်ပျူတာများ(တွက်ချက်သူများ)သည် ဒုတိယကမ္ဘာစစ်အတွင်း သူတို့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခြင်းမရရှိခဲ့ပါ။ နောက်ဆုံးမှာတော့ Top Secret Rosies ဆိုတဲ့ ရုပ်ရှင်ကားကြီးကနေတဆင့် သူတို့၏လုပ်ဆောင်ချက်များကို ပြောပြနိုင်ခဲ့ပါသည်။

Grace Murray Hopper (၁၉၀၆.၁၂.၉-၁၉၉၂.၁.၁)

Grace Murray Hopper

ဂရေ့စ်(Grace) သင်္ချာပညာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ရခဲ့ပြီး ဗက်ဆာကောလိပ်(Vassar College)မှ ရူပဗေဒပညာရပ်ဖြင့်လည်း ဘွဲ့ရရှိခဲ့သည်။ သူသည် ဗက်ဆာကောလိပ်(Vassar College)၏ စာသင်ဌာနတွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရေး(Yale) တက္ကသိုလ်တွင် သင်္ချာဘာသာကိုအထူးပြု၍ ၁၉၃၀ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ရယူခဲ့ပြီး ၁၉၃၄ခုနှစ်တွင် ပါရဂူဘွဲ့ရယူခဲ့သည်။ သူနှင့်ခေတ်ပြိုင် ပါရဂူဘွဲ့ရသူ(၁၀)ဦးထဲမှ အမျိုးသမီး (၄) ဦးပါဝင်ရာ သူမသည်တစ်ဦးဖြစ်ခဲ့သည်။ ထိုခေတ်အချိန်က သင်္ချာဘာသာဖြင့် ပါရဂူဘွဲ့ရသူမှာ ရှားပါးသော ထူးချွန်မှုတစ်ခုဖြစ်သည်။

ဂရေ့စ်(Grace) သည် အမေရိကန်နိုင်ငံ၏ ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး အမေရိကန် ရေတပ်တွင် ရေတပ် ဗိုလ်ချုပ်အဖြစ်လည်းတာဝန်ထမ်ဆောင်ပေးခဲ့သည်။ သူမသည် Harvard Mark I computer ၏ ပထမဆုံး ပရိုဂရမ်မာ(programmers) များထဲမှ ရှေ့ဆောင်လမ်းပြသူအဖြစ် ပါဝင်ခဲ့သည်။ ကွန်ပျူတာ programming နှင့်ဆိုင်သော ဘာသာစကားတစ်ခုအတွက် ပထမဆုံး compiler ကိုပုံဖော်ခဲ့သူလည်းဖြစ်သည်။ သူမသည် programming ဘာသာစကားအတွက် စက်ပစ္စည်းသုံးစရာ မလိုဘဲ လုပ်ဆောင်နိုင်သော စိတ်ကူးစိတ်သန်းကို ရုပ်လုံးပေါ်စေခဲ့သည်။ ဒီဆန်းသစ်မှုဟာ ယနေ့ programming languages တွေထဲကမှ တစ်ခုဖြစ်တဲ့ COBOL ကိုပေါ်ပေါက်လာစေခဲ့သည်။ ကွန်ပျူတာ program များကို အပြစ်ဖယ်ရှားရာတွင်သုံးသော အင်္ဂလိပ်ဝေါဟာရ Debugging ဆိုတဲ့ အသုံးအနှုန်းကို ကျော်ကြားစေခဲ့သူအဖြစ်လည်း အသိအမှတ်ပြုခြင်းခံရခဲ့သည်။ သူ့လုပ်ဆောင်ချက်များ နှင့် ရာထူးအဆင့်အတန်းမြင့်မားမှုကြောင့်သူ့ကို Amazing Grace ဟုရည်ညွှန်းခဲ့ကြသည်။ အမေရိကန်နိုင်ငံ၏ စစ်သင်္ဘောUSS Hopper (DDG-70) နှင့် NERSC ၏ Cray XE6 Hopper ကွန်ပျူတာတို့သည် သူမအားကိုယ်စားပြု၍ သူမ၏အမည် Hopper ကို မှည့်ခေါ်ထားခြင်းဖြစ်ပါသည်။

ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်သည့် Grace Murray Hopper ကွယ်လွန်သောအခါ အမျိုးသမီးများနှင့် သိပ္ပံပညာရှင်များ အားလုံးအတွက် ကမ္ဘာကြီးမှ အတုယူဖွယ် ပုဂ္ဂိုလ်ကို ဆုံးရှုံးလိုက်ရပါသည်။ သူ၏ ထူးချွန်ပြောင်မြောက်သော ဆောင်ရွက်ချက်များသည် ပညာရေးနယ်ပယ်၊ စက်ရုံများနှင့် စစ်တပ်များအတွက် ကွန်ပျူတာနှင့်ဆိုင်သော အထောက်အကူများစွာဖြစ်ခဲ့ရသည်။ သူမ၏လုပ်ဆောင်ချက်များသည် programming language, software development concepts, compiler verification နှင့် data processing စသည့်ပညာရပ်နယ်ပယ်များကို ကျယ်ပြန့်စေခဲ့သည်။ သူမသည် ကွန်ပျူတာ၏ လုပ်ငန်းသုံး ဆော့ဖ်ဝဲ(commercial applications) များကို စွမ်းဆောင်ဖန်တီးနိုင်မှုကြောင့်လည်း အသိအမှတ်ပြုခြင်းခံခဲ့ရသေးသည်။ သူမသည် ခေတ်သစ် data processing လမ်းမကို လမ်းခင်းပေးခဲ့ပြီး စိတ်ကူးစိတ်သန်းများကို လက်တွေ့ဖြစ်အောင် မဆုတ်မနစ်သောလုံ့လတို့ဖြင့် ခေါင်းဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။