စိတ်နဲ့ကိုယ်ကို အားအပြည့်ဖြည့်ပေးမယ့် Power Bank လေးတွေ…။

blank

မင်္ဂလာပါ မနက်ခင်းပါ ဂန္ထဝင်စာချစ်သူတို့ရေ….

အိပ်ရာကနှိုးတာနဲ့ အားအပြည့်ဖြစ်နေတဲ့ ဖုန်းကို မြင်လိုက်ရရင် ဘယ်လိုခံစားရလဲ။ သင့်ရဲ့စိတ်မှာလည်း အားတွေအပြည့်ဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ တွေးဖူးလား။ အဲ့ဒါဆိုရင်တော့ မနက်ခင်းအစမှာ သင့်ရဲ့စိတ်နဲ့ ကိုယ်ကို အားပြည့်အောင် ဖြည့်ပေးနိုင်မယ့် အရာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။

၁။ မနက်ခင်းအစမှာ လမ်းလျှောက်တာ၊ Gym သွားတာ၊ သဘာဝ အလှတရားလေးတွေကို ခံစားတာတို့ လုပ်ပါ။ ထနေကျအချိန်ထက် နည်းနည်းစောထပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တာက တစ်နေ့တာလုံးအတွက် စွမ်းအင်တွေကိုစုဆောင်းပြီး ဖြစ်စေပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၂။ ထပါ။ တရားထိုင်ပါ။ စိတ်ဝိဉာဉ်ကို အားဖြည့်ပေးခြင်းဟာ မနက်ခင်းအစမှာ သင်ပထမဦးဆုံးလုပ်အရာပါ။

၃။ ကိုယ်တစ်နေတာ လုပ်ရမယ့် အလုပ်တွေ၊ လုပ်စရာရှိတာတွေကို တွေးပါ။အချိန်နည်းနည်းယူပြီး ဘဝအတွက် အနာဂတ်အတွက် အစီအစဉ်တွေအကြောင်း စဉ်းစားပါ။ ကြည်လင်တဲ့စိတ်နဲ့ အကွက်ချထားတဲ့ အားတွေနဲ့ ဆိုရင်တစ်နေ့တာမှာ တောင်ကုန်းကြီးကို ရွှေ့ရမယ်ဆိုရင်တောင် သင်ရွှေ့နိုင်မှာပါ။

တစ်နေ့တာလုံးကို ပါဝါအပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ဆိုတာ တစ်နေ့တာရဲ့အစမှာ သင်ဘာတွေလုပ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ သင်ကော… အားပြည့်အောင်နေနေပြီလား။