တချို့လူတွေ လုံးဝမသိတဲ့ လူ့ကျင့်ဝတ်များ

blank

၁။ ကိုယ်အစောကြီးထချိန်မှာ အခြားလူတွေ အိပ်နေရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို အသံပြင်းပြင်းနဲ့ မပိတ်ရဘူးဆိုတာ၊ စကားပြောရင်၊ အလုပ်လုပ်ရင် အသံမကျယ်အောင် နေရမယ်ဆိုတာ။

၂။ ဆေးလိပ်မသောက်တဲ့သူရှေ့မှာ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရှေ့မှာ ဆေးလိပ်ငွေ့တဖွားဖွား မှုတ်ထုတ်နေတာမျိုး မလုပ်ရဘူးဆိုတာ။

၃။ တန်းစီနေတဲ့အချိန်မှာ ကြားဖြတ်ဝင်တာက ရိုင်းတဲ့အပြုမူဆိုတာ။

၎။ လူတစ်ယောက်ကို “ဝလာတယ်၊ ပိန်သွားတယ်၊ ကလေးမယူသေးဘူးလား၊ ယောက်ျားမယူတော့ဘူးလား၊ လစာဘယ်လောက်ရလဲ” စတဲ့မေးခွန်းတွေ မေးတာက လူ့ကျင့်ဝတ်နဲ့ မကိုက်ညီဘူးဆိုတာ။

၅။ သိပ်မရင်းနှီးဘဲနဲ့ Post တိုင်းမှာ လိုက်လိုက်ပြီး စနောက်တဲ့ Comment တွေမပေးကောင်းဘူးဆိုတာ။

၆။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ခြင်းဟာ ကိုယ့်အတွက်ကော၊ အလုပ်အတူတူ လုပ်မယ့်သူတွေအတွက်ပါ အရေးကြီးတယ်ဆိုတာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ သူများအိမ်ရှေ့ကားရပ်ရင် လူဝင်ပေါက်ကို ပိတ်ပြီး မရပ်ရဘူးဆိုတာ။

၈။ တစ်ယောက်ယောက်က ချက်ပြုတ်ကျွေးမွေးတယ်ဆိုရင် ဆေးကြောတာကို ကိုယ်က တာဝန်ယူရမယ်ဆိုတာ။

၉။ အခြားသူရဲ့ ချစ်သူကို ကိုယ့်အချစ်ရေးအဆင်မပြေလို့ဆိုပြီး အချိန်တိုင်း ရင်ဖွင့်တိုင်ပင်တာက လူ့ကျင့်ဝတ်ဖောက်ဖျက်ခြင်းဆိုတာ။

၁၀။ အခြားသူတွေ ဖုန်းသုံးနေရင် ကွက်ကြည့်ကွက်ကြည့်မလုပ်ရဘူးဆိုတာ။

သင်ကော… ဘာတွေ ထပ်ဖြည့်ချင်သေးလဲ။