ကိုယ့်ကိုယ်ကိုယ် အတွက်သတိပေးစာ

blank

“မဖြစ်နိုင်ပါဘူးကွာ” လို့ လူတွေပြောတဲ့ စကားသံတွေကို တစ်ဘဝလုံး နားထောင်ပြီး နေလို့ရပါတယ်။ အကယ်၍ ငါလိုချင်တာတွေကို စွန့်လွှတ်ပစ်နိုင်တယ်ဆိုရင်ပေါ့။ငါမှငါ့အိပ်မက်တွေကိုမစွန့်လွှတ်နိုင်တာအဲ့ဒါ ကြောင့် ငါ့စိတ်ထဲက အသံတွေကိုငါနားထောင်ခဲ့တယ်။ ပြီးတော့ ငါ့ကိုယ်ငါယုံကြည်ခဲ့တယ်။ ဆက်လျှောက်ခဲ့တယ်။

လူတွေက ဘာတွေပြောနေတာလဲဆိုတာထက် ငါ့ကိုယ်ငါ ဘယ်လောက်ယုံကြည်လဲဆိုတာနဲ့ မေးခွန်းပြန်ထုတ်ရင်း အိပ်မက်တွေဆီကို လျှောက်ခဲ့တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ငါ့ရဲ့ အမြင်တွေ၊ ပန်းတိုင်တွေ၊ အိပ်မက်တွေကို ငါအပြည့်အဝယုံကြည်နေသေး သရွေ့၊ ငါလိုချင်တဲ့အရာကို ငါတိတိကျကျ လျှောက်လှမ်းနေသရွေ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ လောကဓံရဲ့ ကိုင်လှုပ်မှုတွေက ငါ့ကို မယိမ်းယိုင်စေရဘူး။

ငါယုံတယ် ငါ့ရဲ့ရည်မှန်းချက်တွေက ငါ့ရဲ့စိတ်ထဲမှာ ရှင်းလင်းတိကျနေအောင် ခိုင်မာနေပြီဆိုရင်၊ ငါ့ကိုယ်ငါ ယုံကြည်နေပြီဆိုရင် လောကမှာ ရှိတဲ့ ဘယ်အရာကမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာကိုပေါ့။ ဘေးနားမှာ ဘယ်သူမှ မရှိရင်တောင် ငါ့အတွက်ငါရပ်တည်မယ်။ ငါလိုချင်တာကို ရအောင်ယူမယ်။
ငါကိုယ်တိုင် ယုံကြည်နေသေးသရွေ့ ငါ့အိပ်မက်တွေနဲ့ ငါ့ကိုဘယ်သူမှ ခွဲခြားလို့ မရနိုင်ပါဘူး။

သင့်မှာကော အဲ့ဒီလိုအိပ်မက်တစ်ခုရှိလား။