ခြံစည်းရိုးအကာအရံမရှိတဲ့အိမ်ဟာ လူတကာဝင်ထွက်ဖို့ လွယ်သလိုပဲ ကိုယ့်ကိုယ်ကိုယ်မချစ်တဲ့သူစိတ်ကိုလည်း နာကျင်စရာတွေဝင်လာဖို့ ပိုလွယ်ပါတယ်။
ကိုယ့်တန်ဖိုးကိုယ်မသိတဲ့အတွက် ကိုယ့်အကြောင်းကို ကိုယ့်လောက်တောင်မသိတဲ့သူတွေပြောစကား ကြားရင်လည်း နာကျင်တယ်။
လူတိုင်းကိုဖြန့်ကျက်ပြောတဲ့စကားလုံးမျိုးတွေဆိုရင်လည်း ကိုယ့်ကိုပြောတယ်ဆိုပြီး ခံစားတယ်။
နောက်ကွယ်မှာ နာကျင်စေလိုတဲ့ဆန္ဒပါတဲ့ အတိုက်အခိုက်စကားမျိုးတွေကိုလည်း လက်ခံတယ်။
ဒီလိုနဲ့ပဲ ဘဝက ပျော်စရာမရှိတော့ပါဘူး။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့သူကတော့ ကိုယ့်အကြောင်းကိုသိတယ်။
ကိုယ့်တန်ဖိုးကိုယ်နားလည်တယ်။
သူများပြောရုံနဲ့ ကိုယ့်တန်ဖိုးပျက်ပြယ်မသွားဘူးဆိုတာလည်း သိတယ်။
ဒါကြောင့် အကြမ်းတမ်းဆုံးလောကဓံမုန်တိုင်းတွေကြားမှာတောင် ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်တယ်။
သင်လည်း ဘဝမှာ နာကျင်စရာတွေနည်းချင်ရင် ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းနဲ့ နှလုံးသားကို ကာရံထားဖို့ မမေ့ပါနဲ့နော်။
