အလှစစ်ဆိုတာ….

blank

အလှဆိုတာ ရုပ်တစ်ခုတည်းနဲ့ သက်ဆိုင်နေတဲ့ အရာလို့ ထင်လားစာချစ်သူရေ…။ လူတစ်ယောက်ကို ချစ်နေရင် ကမ္ဘာပေါ်မှာ သူကအလှဆုံးဖြစ်နေတတ်ပြီး သဘောထားကွဲလွဲသွားရင် အရင်ကလို လှတယ်လို့ မထင်တော့ဘူးတဲ့။ အလှစစ်ဆိုတာဘာလဲ။ အလှစစ်ကိုဖော်ပြနိုင်တဲ့ အရာတွေက ဘာတွေလဲ။

၁။ ပျော်ပျော်နေတတ်ပြီး စိတ်လက်ပေါ့ပါးနေတဲ့အခါ လူတစ်ယောက်ရဲ့အလှဟာ သူ့ရဲ့ မျက်နှာကနေ ဘေးနားအထိတောင် ရောက်လာနိုင်တယ်တဲ့။ အဲ့ဒါဆိုရင် စိတ်လက်ပေါ့ပါးခြင်းက အလှစစ်ပေါ့။ ⁣

၂။ အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဟာ လှပခြင်းရဲ့ နောက်ထပ် ဖွင့်ဆိုချက်တစ်ခုပါ။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ သူဟာ အားလုံးရဲ့ မျက်လုံးထဲမှာ လှပနေပါတယ်။

၃။ လူတစ်ယောက်ကို နားလည်ပေးနိုင်တာ၊ ခံစားချက်တွေကို ထိန်းကျောင်းနိုင်ပြီး လိုအပ်သလောက် ထုတ်ဖော်နိုင်စွမ်းရှိတဲ့ EQ ကြီးမားတဲ့သူတွေကလည်း အမှန်တကယ်လှပခြင်းကို ပိုင်ဆိုင်ထားပါတယ်။

၎။ ကြင်နာတတ်ပြီး ကျေးဇူးတရားသိတတ်တဲ့ နှလုံးသားပိုင်ရှင်တွေဟာလည်းပဲ အလှစစ်ရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ကြပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ ရိုးသားစစ်မှန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံခြင်းဟာလည်းပဲ စစ်မှန်တဲ့အလှတရားရဲ့ လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ်ပိုတော်တဲ့သူတစ်ယောက်ဖြစ်အောင် အရည်အချင်းတွေကို ဖြည့်တင်းနေတဲ့ သူတစ်ယောက်ဟာလည်းပဲ အလှတစ်မျိုးနဲ့ လှပနေပါတယ်။

၇။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေဆီကိုရောက်အောင် အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေမှုဟာလည်း စစ်မှန်တဲ့လှပခြင်းတွေကို သယ်ဆောင်ပေးနိုင်ပါတယ်။

သင်ကော… အလှစစ်နဲ့ လှပနေပြီလား။

သင့်ဘေးမှာရှိနေတဲ့ အလှစစ်နဲ့လှပနေသူလည်း Mention ခေါ်လိုက်ပါဦး။⁣⁣