“သင့်ကို အမြဲစိတ်ပင်ပန်းနေစေတဲ့ တရားခံတွေက ဘယ်သူတွေလဲ”

blank

“ဘဝကြီးက အရမ်းပင်ပန်းဖို့ ကောင်းတာပဲ၊ ခန္ဓာကိုယ်မပင်ပန်းရင်တောင်မှ စိတ်အရမ်းပင်ပန်းတာပဲ” ဆိုတဲ့စကားလေးကို လူတိုင်းလိုလို ပြောဖူးကြမှာပါ။ တကယ်တော့ ဒီလို စိတ်မောစေတယ်၊ စိတ်ပင်ပန်းစေတယ်ဆိုတာက ကျွန်မတို့ရဲ့ Energy ကို စုပ်ယူတာလွယ်တဲ့ ဒီအချက်( ၅) ချက်ကြောင့်ပါလို့ စာစောင်တစ်စောင်မှာ ဖတ်လိုက်ရတာကို စာချစ်သူတို့အတွက်မျှဝေပေးချင်ပါတယ်။

၁။ အတွေးလွန်ခြင်း။

လိုတာထက်ပိုပြီးတော့မှ အတွေးတွေ စဉ်းစားနေတာ၊ ဒီအတွေးထဲက ၉၉% အရာတွေက တကယ့်လက်တွေ့ဘဝမှာ အကုန်လုံး ဖြစ်လာတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ ဦးနှောက်က တွေးပြီးတော့မှ ပူနေပြီဆိုကတည်းက ခန္ဓာကိုယ်က တောင့်တင်းနေပြီ။ အကြောက်တရားနဲ့ စိုးရိမ်ပူပန်နေပြီ။ ဒါကြောင့် ဒီလိုအတွေးလွန်ခြင်းက ကိုယ့်အတွက် အထောက်အကူ ဖြစ်လားဆိုတော့ မဖြစ်စေဘူး။ အရမ်းစိတ်မောစေတာမို့ အတွေးလွန်နေတယ်ဆိုရင် ရပ်တန့်လိုက်ပါနော်။

၂။ အိပ်ရေးပျက်ခြင်း။

လူအများစုက အိပ်တာနဲ့ ပတ်သက်ပြီး ပေါ့ဆတတ်ကြတယ်။ တစ်ခါတလေ အလုပ်များလို့ နောက်ကျပြီး အိပ်တယ်။ မနက်ဆိုရင် နောက်ကျမှထတယ်။ တစ်ခါတလေကျတော့လည်း တစ်နေ့လုံးပင်ပန်းထားလို့ စောအိပ်တတ်ကြတယ်။ ဒါမျိုးလေးတွေက ကိုယ့်ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ ဇီဝဖြစ်အင်စနစ်ကိုတွေကို ကြောင်သွားစေပါတယ်။ အဲ့ဒီတော့ ကျွန်မတို့တွေအနေနဲ့ အိပ်ချိန်မှန်အောင် အိပ်သင့်ပါတယ်။ ည ၁ဝ နာရီ အိပ်ပြီး မနက် ၆ နာရီ ထမယ်ဆိုရင် ဒီလိုပုံစံအတိုင်း အမြဲသွားသင့်ပါတယ်။ အိပ်တဲ့အချိန် တသမတ်တည်း ဖြစ်တာက ကိုယ့်ရဲ့ Energy ကို ပိုပြီး ပြည့်ဝစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မကျန်းမာတဲ့ အစားတွေ စားသုံးခြင်း။

ကိုယ့်အတွက် မကျန်းမာစေတဲ့ အစားအစာတွေ စားတာ၊ သောက်တာကို ရှောင်သင့်ပါတယ်။ ဥပမာ – ခန္ဓာကိုယ်အတွက် မကောင်းတဲ့အဆီများတဲ့အစားအစာ၊ ဆီကြော်မုန့်တွေ၊ အသင့်စားအစားအစာတွေ၊ အရက်၊ ဘီယာ စသဖြင့် ရှောင်ရှားသင့်ပါတယ်။

၎။ အတိတ်ကအကြောင်းတွေ အမြဲတွေးနေခြင်း။

အတိတ်ဆိုတာက ပြီးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကိုယ်က ရှေ့မတက်နိုင်ဘူး။ အတိတ်ကိုပဲ ကြည့်ပြီး ပြန်လည် ပူဆွေးနေတာ။ အတိတ်က အကြောင်းအရာတွေနဲ့ပဲ တွေးပြီး အချိန်ကုန်နေတာမျိုးတွေ ရှောင်ပါ။

၅။ အပျက်သဘောဆောင်သူတွေအနား နေထိုင်ခြင်း။

နောက်ဆုံးအချက်က Negative People တွေပါ။ Negative People ဆိုတာ ကိုယ့်ဘဝမှာရှိတဲ့ ကိုယ့် Energy ကို စုပ်ယူတဲ့ သွေးစုပ်ဖုတ်ကောင်လို လူမျိုးတွေပါ။ သူတို့လိုလူမျိုးတွေက တစ်ခုခုဆိုရင် အပျက်သဘောဆောင်တဲ့ အတွေးပဲ တွေးတယ်။ အပျက်သဘောဆောင်တဲ့စကားတွေ ကိုယ့်ကို အမြဲပြောတယ်။ ဒါတွေကလည်း ကိုယ့်ဘဝတိုးတက်မှု၊ ကိုယ့်စိတ်ကို အကောင်းမြင်ပြီး ရှေ့ဆက်သွားနိုင်မှုတွေကနေ အများကြီး ဟန့်တားစေပါတယ်။ ဒါကြောင့် အပျက်သဘောဆောင်တဲ့သူတွေ နဲ့ ဝေးဝေးနေတာက အကောင်းဆုံးပါပဲ။

ဒါကြောင့် ဒီအချက် (၅) ချက်ကိုသာ ကျွန်မတို့ သတိရှိရှိနဲ့ ကျော်လွှားနိုင်မယ်ဆိုရင် ကိုယ့်ဘဝကို ပိုပြီးတော့မှ အပြုသဘော ဆောင်အောင်၊ ကိုယ့်ရဲ့ Energy ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရှေ့ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။