မလေးရေ..
ဘဝခရီးက ကြမ်းတမ်းတယ်။ ခရီးကလည်း အရှည်ကြီးပဲ။ ရုန်းကန်ရတာတွေ၊ ရင်ဆိုင်ဖြတ်သန်းရတာ တွေလည်း များတယ်။ ယုံကြည်ရသူတွေကလည်း သစ္စာမဲ့ကြတော့ ရပ်တည်ရတာ ပင်ပန်းလာပြီလား။ “ ဘဝ ခရီးမှာ ငါတစ်ယောက်တည်းပါလား” လို့ကော တွေးနေပြီလား။
မသေချာတာတွေများတော့ သေချာတာတွေကို ရှာဖွေရင်းနဲ့လည်း မောပန်းနေပြီလား။
တကယ်တော့ လောကကြီးမှာ သေချာတဲ့အရာဆိုလို့တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အားကိုးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အဖော်ပြုကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ကြည့်ပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
ဘယ်သူမှ အနားမှာမရှိတော့ရင်တောင် ကိုယ်ကိုယ်တိုင်ကတော့ ကိုယ့်အတွက် အမြဲရှိနေမှာပါ။
ဒါကြောင့် မငိုပါနဲ့။ မနာကျင်ပါနဲ့။ လဲနေရင် ပြန်ရုန်းထပါ။ ညီမလေးကိုယ် ညီမလေး ချစ်ပါ။ ပျော်စရာ ကောင်းတဲ့နေ့ရက်တွေ ညီမလေးဘဝထဲကို ပြန်ရောက်လာမှာပါ။
သင်ကော သင့်ကိုယ်သင် ချစ်တတ်ပြီလား။
