ဘဝကြီးက ခက်ခဲလိုက်တာလို့ ခံစားမိတိုင်း ဒီစာစောင်လေးကို ဖတ်ကြည့်ပါ။

blank

ကျွန်မတို့ ဘဝမှာ နေထိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။

ပထမတစ်ခုကတော့ လွယ်တဲ့နည်းလမ်းနဲ့နေထိုင်တာဖြစ်ပြီး ဒုတိယတစ်ခုကတော့ ခက်ခဲတဲ့နည်းလမ်းနဲ့ နေထိုင်တာပါပဲ။ လွယ်တဲ့ နည်းလမ်းနဲ့ နေတာက ကြာရင် ဘဝကို ခက်စေတယ်။ ခက်တဲ့ နည်းလမ်းနဲ့ နေတာက ဘဝကို လွယ်ကူစေတယ်။

လွယ်တဲ့နည်းလမ်းနဲ့ နေထိုင်တဲ့သူတွေက ကိုယ့်စိတ်ကိုယ်မထိန်းကျောင်းနိုင်တဲ့ စိတ်ပျော့ညံ့တဲ့သူတွေပါ။ သူတို့က ဘဝမှာ သက်သက်သာသာဖြစ်မယ့်လမ်းကို ရွေးချယ်တတ်ကြတယ်။ ဘဝမှာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ လက်မြှောက် အရှုံးပေးဖို့ စဉ်းစားမယ်။ မပြောပလောက်တဲ့ ပြဿနာအသေးလေးကိုတောင် ပြဿနာအကြီးကြီးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သက်သာမှုကိုပဲ လိုချင်တယ်။ ဘဝရဲ့ အဆင်မပြေမှုတွေနဲ့ အခက်အခဲတွေကို အမြဲတမ်းရှောင်ခဲ့တဲ့အခါမှာ တကယ့်ရင်ဆိုင်ရချိန်မှာ မဖြေရှင်းရဲတော့ဘူး။ စိတ်အလိုလိုက်တဲ့အကျင့်၊ သက်တောင့်သက်သာနေတတ်တဲ့အကျင့်ဟာ ရေတိုအတွက်ပဲ ပျော်ရွှင်နိုင်ပြီး ရေရှည်အတွက်ဆိုရင်တော့ လုံးဝမကောင်းပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝမှာ ခက်ခဲတဲ့နည်းလမ်းနဲ့ ရှင်သန်သူတွေကတော့ ကိုယ်ပိုင်စည်းကမ်းတွေနဲ့ ရှင်သန်တယ်။ ကိုယ်ပိုင်စည်းကမ်းနဲ့ နေခြင်းဆိုတာ ကိုယ့်စိတ်ကို ထိန်းချုပ်တတ်တာ၊ ကိုယ့်ကို ပျက်စီးစေဖို့ ဆွဲဆောင်နေတဲ့အရာတွေကြောင့် ကိုယ့်လမ်းကြောင်း အပျောက်မခံဘဲ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းတာ၊ ပြီးတော့ ကိုယ်လုပ်စရာရှိတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်တာပါပဲ။

ဒီလိုလူမျိုးက စိန်ခေါ်မှုတွေ ကြုံလာရင် ဘဝတိုးတက်ဖို့အတွက် အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချတယ်။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတစ်ခု သတ်မှတ်ထားခြင်းက ကိုယ့်ကို ပိုကြံ့ခိုင်စေတယ်။ ပိုခိုင်မာစေတယ်။ ပြဿနာ အသေးအမွှားလေးတွေ ကြုံရရင်တောင် ကျော်လွှားနိုင်တဲ့စိတ်စွမ်းအားက ကြီးမားနေပြီမို့ ကျော်ဖြတ်နိုင်တယ်။
ကြာလာတာနဲ့အမျှ ဘယ်လို ပြဿနာမျိုးကိုမဆို သူတို့က ခုခံဖြေရှင်းနိုင်စွမ်း ရှိလာတယ်။ ဘဝကြီးမှာ မမျှော်လင့်တဲ့ ကိစ္စတွေ ဖြစ်လာရင်တောင် ရင်ဆိုင်ရဲသွားပါပြီ။ ဒါဟာ ဘာလို့လဲဆိုရင် ဘဝကို ခက်ခဲတဲ့နည်းလမ်းနဲ့ ရှင်သန်နေထိုင်ရတာကို မကြောက်ရွံ့ခဲ့လို့ပါပဲ။

သင်ကော ဘဝကို သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းနဲ့ လျှောက်လှမ်းနေမိလား။ ခက်ခဲကြမ်းတမ်းတဲ့နည်းလမ်းနဲ့ လျှောက်လှမ်းနေမိလား။
ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို comment box မှာ မျှဝေခဲ့ကြပါဦးနော်။