ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ ဉာဏ်ပညာတွေအားလုံးရဲ့အစလို့ ကမ္ဘာကျော်တွေးခေါ်ပညာရှင် တစ် ယောက်က ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သိဖို့ အရေးကြီးပါတယ်။ အဲ့ဒီလိုသိအောင် ဘယ်လို အဆင့်ဆင့်ရှာဖွေကြမလဲ။
၁။ တိတ်တိတ်နေပါ။
တိတ်ဆိတ်တဲ့အချိန်တစ်ခုထားပြီး ကိုယ့်အကြောင်းကိုယ်မတွေးမချင်း ကိုယ့်ကိုယ်ကိုယ်သိမှာ မဟုတ် ပါဘူး။ ကိုယ်ပိုင်အချိန်ထားပါ။ တိတ်တိတ်ဆိတ်ဆိတ်တွေးပါ။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေပါ။
၂။ ကိုယ်ဘယ်သူလဲဆိုတာ သိပါ။
ကိုယ်ဖြစ်ချင်နေတဲ့သူကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ဘယ်သူလဲဆိုတာ သိရမှာပါ။ ဒါကိုသိလာတဲ့အခါ ကိုယ့်နေရာကိုယ် မြင်လာမယ်။ ကိုယ့်အတွက်ပိုကောင်းတဲ့အရာတွေကို ချဲ့ထွင်လုပ်နိုင်လာပါလိမ့်မယ်။
၃။ ကိုယ့်အားသာချက်တွေကို သဘောပေါက်ပါ။
အားသာချက်တွေကို သိဖို့ဆိုရင် အမှားတွေ၊ စမ်းသပ်မှုတွေကိုလည်း မကျော်လွှားလို့ မရပါဘူး။ အဲ့ဒါ တွေကို ကျော်လွှားပြီးမှပေါ်လာတဲ့ ကိုယ့်အားသာချက်တွေက ကိုယ်ဘယ်သူဆိုတာ ဖော်ပြပါလိမ့်မယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
၎။ ကိုယ်စိတ်အားသန်တဲ့အရာတွေကို ရှာဖွေပါ။
ကိုယ်စိတ်အားထက်သန်တဲ့အရာက ကောင်းတယ်ဆိုရင် နောက်ကလိုက်ပါ။ ကိုယ်တကယ်လိုချင်တဲ့ အရာ ဘဝထဲရောက်လာချိန်မှာ လုံးဝအာရုံစိုက်မှုပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါက ကိုယ့်ဘဝ ထဲမှာ ကိုယ်တကယ်အာရုံစိုက်ဖို့လိုအပ်နေတဲ့ဧရိယာတစ်ခုကို ညွှန်ပြနေတာမို့ပါ။
ကိုယ်ဘယ်သူလဲဆိုတာ သိလာတဲ့အခါ ကိုယ့်ရည်ရွယ်ချက်တွေကလည်း အကြောက်တရားတွေကို ဖုံး လွှမ်းသွားလိမ့်မယ်။ ဘာလုပ်ရမလဲတွေးရင်း အချိန်ကုန်နေတဲ့အဖြစ်တွေ ဘဝမှာ လျော့နည်းလာလိမ့်မယ်။ ကိုယ့် ဘဝအတွက် ပိုကောင်းမွန်တဲ့၊ ပိုကြီးမားတဲ့ ခြားနားချက်တွေကို စတင်ဖို့ ခွန်အားသစ်တွေလည်း ရလာပါလိမ့် မယ်။ ပြီးတော့ ဘဝက ပိုငြိမ်းချမ်းလာမယ်။ အောင်မြင်မှုတွေိကိုလည်း အရင်ကထက် ပိုလွယ်လွယ်ရှာတွေ့ လာနိုင်ပါလိမ့်မယ်။
သင်ကော သင့်ကိုယ်သင်ရှာဖွေတွေ့ရှိထားပြီးပြီလား။
