ငှက်တစ်ကောင်ကို အတောင်ပံတွေ ချိုးပစ်ပြီး ပျံသန်းခိုင်းလို့ရလား။

blank

နှလုံးသားတစ်ခုလုံး တစ်စိတ်စီ အခွဲခံခဲ့ရတယ်။ ပြီးမှ ကိုယ်ချစ်ခဲ့တာ နည်းမမှန်ခဲ့လို့တဲ့။ စိတ်ဝိဉာဉ်တစ်ခုလုံး တစ်စစီ ဆွဲဖြဲခံခဲ့ရတယ်။ ပြီးတော့ပြောတယ် ပျော်ပျော်နေပါတဲ့။
အဟက်ခနဲ တစ်ချက်ရယ်မိတယ်။

ကိုယ့်ရဲ့အဆိုးဆုံးတွေကို ကျွန်မကိုပေးပြီးမှ ကျွန်မက ကောင်းကောင်းမဆက်ဆံလို့ အပြစ်တင်သတဲ့။ လူတစ်ယောက်ကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြီးမှ သူတို့အနားမှာ နေစေချင်သတဲ့။ မီးကွင်းတွေ တစ်ကွင်းပြီးတစ်ကွင်းပစ်ပြီးမှ “ကြည့်ရှောင်”တဲ့လား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဘဝ မှာအပေးရှိမှ အယူရှိရင် အယူရှိရတယ်။ အဆိုးတွေပေးပြီး ကိုယ့်ဆီကကျ အကောင်းတွေပဲ လိုချင်တာ တရားလား။ လျစ်လျူရှုခြင်းတွေပေးပြီး ဂရုစိုက်ခြင်းတွေလိုချင်တယ်။ အဲ့ဒီလိုလူတွေကို တစ်ခုပဲ မှာချင်ပါတယ်။ ဘဝမှာ တစ်ခုခုကို ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ဘက်ကအရင်ဆုံးစပြီး ပြောင်းလဲရတယ်ဆိုတာကိုပေါ့။

သင်ကော… ကျွန်မပြောတာကို သဘောတူလား။