၂ဝ၂ဝ က လူတိုင်းအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ရတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပေမယ့် အခု၂ဝ၂၁ ကို ရှေ့ဆက်ပြီးတော့မှ ဘယ်လိုဖြတ်သန်းမလဲဆိုတာက ကျွန်မတို့ရဲ့ တာဝန်ဖြစ်လာပြီ။ အဲ့ဒီအခါမှာ အခု ၂ဝ၂၁ ကို ပိုပြီး ကောင်းအောင်လို့ ကျော်ဖြတ်နိုင်စေဖို့အတွက် ကိုယ့်အမြင်တွေနဲ့ ကိုယ့်စိတ်ကို ပိုပြီးကြည်လင်အောင် လုပ်သင့်ပါတယ်။
တစ်ခါတလေမှာ ကျွန်မတို့ရဲ့ စိတ်မှန်တံခါးပေါ်မှာ နာကျင်မှုတွေ၊ အတွေးတွေ၊ ပတ်ဝန်းကျင်က ကြားရတဲ့စကားတွေ၊ ကိုယ့်ဘဝမှာ ဖြစ်ပျက်သမျှအရာတွေ၊ ကိုယ်တုံ့ပြန်ခဲ့တဲ့အရာတွေပိတ်မိနေပြီး ရှေ့ဆက်ရမယ့် လမ်းကို ဝေဝါး သွားအောင် လုပ်ပစ်တတ်ပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ဒါကြောင့် ကျွန်မတို့တွေအနေနဲ့ ကိုယ့်ရဲ့အမြင်ကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်ရဲ့ စိတ်ကို လည်း သန့်ရှင်းရေးလုပ်သင့်ပါတယ်။ မလိုအပ်တော့တဲ့ ခံစားချက်တွေကို စိတ်ထဲကနေ အချိန်မှန်ရှင်းထုတ်သင့်ပါတယ်။ ဒါမှပဲ ရှေ့ခရီးကို ဆက်ဖို့၊ ရှေ့ကို လှမ်းမြင်နိုင်ဖို့ အမြင်က ပိုကြည်တယ်။ ကိုယ်က ဘယ်သွားနေလဲဆိုတာ ပိုမြင်ပါလိမ့်မယ်။
ကိုယ့်ရဲ့ စိတ်မှန်တံခါးပေါ်မှာ ညစ်ထေးနေတဲ့ ခံစားချက်အဟောင်းတွေကို ရှင်းလင်းပစ်မှ ကိုယ့်ရဲ့ခံစားချက်တွေ၊ ကိုယ့်ရဲ့ခံယူချက်တွေ အကုန်လုံးက ကြည်လင်သွားပါလိမ့်မယ်။ ဒါမှ ၂ဝ၂၁ ကို အမြင်ကြည်ကြည်နဲ့ ကြည့်ပြီးတော့မှ ဘယ်လိုအကောင်းဆုံး လုပ်သွားမလဲဆိုတာ စဉ်းစားသုံးသပ်နိုင်ပါလိမ့်မယ်။
