စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်နဲ့ ၂ဝ၂၁ ကို ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်ပြီလား။

blank

၂ဝ၂၁ ရဲ့ ပထမဆုံးနေ့ရက်မှာ ကျွန်မတို့တွေ အားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်နဲ့ တစ်နှစ်လုံးကို အကောင်းဆုံး ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ဓာတ်လေးတွေ ဖြစ်နေကြမယ်ထင်ပါတယ်။

လူတွေအနေနဲ့ ကိုယ့်ဦးနှောက်ကို ဘာအစာကျွေးလဲ ဆိုတာက ကိုယ်ဘာတွေတွေးနေလဲ။ ဒီအတွေးတွေကနေ ဘဝမှာ ဘယ်လိုရပ်တည်နေလဲ၊ လုပ်ရပ်တွေလုပ်နေလဲ ဆိုတဲ့အပေါ်မှာ အင်မတန်လွှမ်းမိုးမှု ရှိတယ်တဲ့။ ကိုယ့်ဦးနှောက်ထဲမှာ သူများအတင်းအဖျင်းတွေ၊ နေရာတကာဖြစ်ပျက်နေတဲ့ သတင်းတွေကိုပဲ ထည့်ရင် စိတ်က ပိုပြီး အပျက်သဘောဆောင်မယ်။ စိတ်ပူပင်သောကတွေလည်း များမယ်။ ဒါ့ကြောင့် ဒီနှစ်သစ်ကစပြီး ဘဝမြှင့်တင်ချင်တဲ့ လူတွေအနေနဲ့ အတွေးတွေကို မြှင့်တင်ဖို့ လိုအပ်ပြီ။ အတွေးမြင့်တက်အောင် လုပ်ဖို့ဆိုတာက ကိုယ့်ဦးနှောက်ကို မှန်ကန်တဲ့အစာကျွေးဖို့ လိုအပ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ကျွန်မတို့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ် တော်အောင်၊ ထက်မြက်အောင် ဘယ်လိုဖန်တီးနေမလဲ။ အလုပ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဘယ်လိုလုပ်နေမလဲ။ ပေါင်းသင်း ဆက်ဆံရေးအရ ပြောမလား။ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဒါမှမဟုတ် ချစ်သူရည်းစားနဲ့ Relationship ကအစ ကောင်းမွန်အောင် ဘယ်လိုဖန်တီးမလဲ။ ဒါမှမဟုတ်ရင် ကိုယ်ကိုယ်တိုင် မိဘတစ်ယောက်ဆိုရင် မှန်ကန်တဲ့မိဘကောင်း ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ သားသမီးလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ စသဖြင့် ဒီအကြောင်းအရာတွေကို ကဏ္ဍအမျိုးမျိုးနဲ့ တင်ဆက်ပေးမှာပါ။ ကဏ္ဍအသီးသီးရဲ့ ရည်ရွယ်ချက်ကို စာဖတ်သူတို့အနေနဲ့လည်းပဲ ကိုယ့်ဘဝကဏ္ဍ အသီးသီးကို ဟန်ချက်ညီတဲ့ အခြေအနေတစ်ခု၊ သဟဇာတမျှတဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးနိုင်စေဖို့ ရည်ရွယ်တယ်။ အတွေးတွေ မြင့်တက်လာတာနဲ့အမျှ ဘဝကို မြှင့်တင်နိုင်ကြစေမယ်လို့ ရည်ရွယ်ပြီးတော့ ဂန္ထဝင်အနေနဲ့ ဒီနေ့ကစပြီး ၃၆၅ ရက်စာ ဦးနှောက်အစာလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်။

ဒါ့ကြောင့် ဦးနှောက်အတွက် မှန်ကန်တဲ့ အစားအစာတွေ ရရှိဖို့ ဂန္ထဝင်ကို Like and See first လုပ်ထားလိုက်ပါနော်။