လူတွေအတင်းပြောကြတဲ့ နောက်ကွယ်က အကြောင်း

blank

အတင်းပြောခြင်းဆိုတာ အခြားလူတစ်ယောက်ရဲ့ မကောင်းကြောင်းတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ လျှို့ဝှက်ချက်တွေကို မထိန်းသိမ်းဘဲ လျှောက်ဖွတာတွေပါဝင်တဲ့ အကျိုးမရှိတဲ့ စကားသက်သက်ပဲ ဖြစ်ပါတယ်။

‌လေ့လာသူတွေကတော့ စိတ်ပူပန်မှု အများဆုံးလူတွေက အခြားသူတွေအကြောင်းပြောကြတယ်လို့ ဆိုပါတယ်။ လူအများကြားမှာ အတင်းပြောသူလို့ နာမည်ကြီးတဲ့ သူတို့တွေကတော့ လူတွေရဲ့ ယုံကြည်ခြင်းကိုလည်း မရတတ်ပါဘူး။ လူတစ်ယောက်ရဲ့ အတွင်းရေးတွေကို လျှောက်ပြောတာ၊ မကောင်းပြောဝေဖန်တာတွေဟာ ကိုယ့်ရဲ့ပုံရိပ်ကိုပဲ မကောင်းဖြစ်စေတယ်ဆိုတာကို အတင်းပြောသူကတော့ သိပုံမရပါဘူး။

လူတွေ အတင်းပြောကြတဲ့ နောက်ကွယ်မှာ…

• ကိုယ့်ဂုဏ်ကိုယ်ဖော်ချင်လို့

• ပျင်းနေလို့

• သူများကို မနာလို ဝန်တိုနေလို့

• စကားပြောနေတဲ့ အုပ်စုထဲမှာ ပါဝင်ချင်လို့

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

• အာရုံစိုက်ခံချင်လို့

• ဒေါသထွက်နေတာ၊ အလိုမကျတာတွေဖြစ်နေလို့ စတဲ့ အကြောင်းအရင်းတွေ ရှိနေနိုင်ပါတယ်။

အတင်းပြောခြင်းဟာ အတင်းပြောသူရဲ့ စိတ်မလုံခြုံမှုနဲ့ ရိုင်းပြတဲ့စိတ်ဓာတ်ကို ဖော်ပြနေသလို ကြားရတဲ့သူတွေကိုလည်း အဆိုးမြင်အတွေးတွေဖြစ်စေနိုင်ပါတယ်။ လူမှုအသိုင်းအဝိုင်းကို လှပစေဖို့အတွက် အတင်းပြောမယ့်အစား ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်တဲ့ အဓိပ္ပါယ်ရှိတဲ့ စကားတွေ ပြောကြရင် မကောင်းဘူးလား။