ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ…

blank

– တစ်ကိုယ်ကောင်းဆန်ခိုင်းတာမဟုတ်ပါဘူး။

– နေရာတကာ ကိုယ့်ကောင်းစားရေးကိုပဲ ဦးတည်ခိုင်းတာမဟုတ်ပါဘူး။

– ကိုယ်ကလွဲပြီးတခြားသူတွေကို တန်ဖိုးမရှိဘူးလို့ ယူဆခိုင်းတာမဟုတ်ပါဘူး။

– ကိုယ့်စိတ်ချမ်းသာမှုအတွက် သူတစ်ပါးကို စိတ်ဆင်းရဲခိုင်းတာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– ကိုယ့်အခွင့်အရေးအတွက် ဘာမဆိုချနင်းခိုင်းတာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုတာ…

မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ရတာ ပါ။ သူတစ်ပါးကိုမထိခိုက်စေဘဲ တရားမျှတတဲ့နည်းလမ်းနဲ့ ကိုယ့်ရထိုက်တဲ့အခွင့်အရေးကို ရယူရတာပါ။ ပျော်ရွှင် မှုကို တည်ဆောက်ထားနိုင်ပြီး အဲ့ဒီပျော်ရွှင်မှုအတွက်လည်း အမြဲလိပ်ပြာသန့်သန့်နေနိုင်ပြီဆိုရင် သင်က ကိုယ့်ကိုယ်ကိုယ်စစ်မှန်စွာချစ်တတ်တဲ့သူတစ်ယောက်လို့ သတ်မှတ်နိုင်ပါပြီ။

သင်ကော မှန်ကန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ထားပြီလား။