အကြီးကြီးပြောင်းလဲမှ မဟုတ်ပါဘူး။ သေးသေးလေးတွေပြောင်းလဲနိုင်ခဲ့တာကလည်း တိုးတက်လာတာပါပဲ။

blank

နှစ်ကုန်ပြီဆိုတော့ တစ်နှစ်တာလုံးက တိုးတက်မှုတွေကို တိုင်းတာကြရတော့မှာပါ။

တချို့တွေကတော့ တစ်နှစ်တာအတွင်း သိသိသာသာကြီးကို ဘဝတိုးတက်ပြောင်းလဲသွားကြတယ်။

တချို့တွေကျတော့ ပြောင်းလဲမှုတွေမသိသာပါဘူး။ ဒါပေမဲ့ မပြောင်းလဲဘူးလားဆိုတော့လည်း သေးသေးလေးတွေ အများကြီးပြောင်းလဲလာကြတယ်။

ဒါကြောင့် သူများတွေရဲ့သိသာတဲ့တိုးတက်မှုတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေမယ်ဆိုရင် ပြန်သုံးသပ်ကြည့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒီနှစ်အတွင်း ဘယ်နေရာလေးတွေမှာ ပြောင်းလဲနိုင်ခဲ့လဲ။

အဲ့ဒီတိုးတက်မှုသေးသေးလေးတွေက လာမယ့်နှစ်သစ်အတွက် ကြီးမားတဲ့တိုးတက်မှုတွေဖော်ဆောင်ဖို့ ဘယ်လိုအထောက်အကူကောင်းတွေဖြစ်လာခဲ့လဲ။

အဲ့ဒါလေးပြန်သုံးသပ်ကြည့်ပြီးရင် ကိုယ့်တိုးတက်မှုအတွက် ကျေနပ်အားရသင့်ပါတယ်။ အဓိကက လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဘဝဖြတ်သန်းမှုပုံစချင်းမတူတဲ့အတွက် တိုးတက်မှုမှာလည်း သူများထက်နှေးတာ၊ မြန်တာထက် ရပ်တန့်မနေဘဲ အမြဲတိုးတက်နေဖို့က ပိုအရေးကြီးပါတယ်။

သင်ကော နှစ်ဟောင်းက သင့်တိုးတက်မှုလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုပြီးပြီလား။