အပြောင်းအလဲကို မကြောက်ပါနဲ့။ သင်နဲ့မထိုက်တန်တဲ့နေရာမှာ ဆက်နေနေရမှာကို ကြောက်ပါ။

blank
Cute_butterfly_with_open_wings

ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ရတဲ့အခါ ဘဝက နာကျင်စရာကောင်းပါတယ်။ အဲ့ဒီလိုပဲ ကိုယ်တကယ် စိတ်မဝင်စားတဲ့အလုပ်တစ်ခု၊ ကိုယ်တကယ်မပျော်တဲ့အချစ်ရေးတစ်ခုမှာ ဆက်နေနေရတဲ့အခါကလည်း နာ ကျင်စရာကောင်းပါတယ်။ အဲ့ဒါက အမှန်တရားပါပဲ။ ဘဝဆိုတာ ခက်ခဲတယ်။ နာကျင်စရာကောင်းတယ်။ ပြီး တော့ စိတ်ချမ်းသာစရာ၊ ပျော်ရွှင်စရာတွေလည်း ရှိနေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အဲ့ဒါကို နက်နက်ရှိုင်းရှိုင်းနားလည်သွားတဲ့အခါ အပြောင်းအလဲဆိုတာ ကျွန်မတို့အတွက် ကြောက်စရာ မဟုတ်တော့ပါဘူး။ ပြောင်းလဲမှုနောက်မှာ ကြုံလာရနိုင်တဲ့အရာတွေကိုလည်း ကြိုဆိုရဲသွားပါတယ်။ တကယ် တော့ ကျွန်မတို့သွားချင်တဲ့နေရာတစ်ခုဆီရောက်အောင်သွားဖို့ လိုအပ်တဲ့အရာအားလုံးကို ဘဝက ပေးထားပြီး သားပါ။ ပြောင်းလဲရဲတဲ့စိတ်နဲ့ ပြောင်းလဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်သာလိုပါတယ်။ လောကကြီးမှာ အရာရာတိုင်း ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေကြပါတယ်။ ဒါကြောင့် အပြောင်းအလဲဆိုတာ မလွှဲမရှောင်သာကြုံရမယ့်အရာမို့ သက်တောင့်သက်သာနဲ့လက်ခံတတ်အောင်သာ ကြိုးစားလိုက်ပါ။

သင်ကော သင်နဲ့ထိုက်တန်တဲ့နေရာတစ်ခုကို ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီလား။