ကိုယ့်ကိုယ်ကိုယ်တကယ်ဂရုစိုက်တယ်ဆိုရင် ဒီ ၆ ချက်နဲ့ပြည့်စုံအောင်နေပါ။

blank

၁။ ပဟေဠိတွေဖြေတာ၊ စာဖတ်တာ၊ ပုစ္ဆာဖြေရှင်းကြည့်တာမျိုးတွေနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

၂။ သန့်ရှင်းလတ်ဆတ်တာတွေစားသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ရေများများသောက်တာတွေနဲ့ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။

၃။ ဒိုင်ယာရီရေးတာ၊ ခံစားချက်တွေထုတ်ဖော်ပြောဆိုတာ၊ တီထွင်ဖန်တီးမှုတွေပြုလုပ်တာတွေနဲ့ ခံစားမှုလေးတွေကို ပြုစုပျိုးထောင်ပါ။

၎။ အလုပ်ကြိုးစားတာ၊ ကိုယ့်ဝန်းကျင်အတွက်လိုအပ်တဲ့တာဝန်လေးတွေ နိုင်သလောက်ယူပေးတာမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အသုံးဝင်အောင် နေပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ သူငယ်ချင်းတွေထားတာ၊ လူတွေနဲ့အမြဲပြောဆိုဆက်ဆံနေတာတွေနဲ့ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံ ရေးတွေ တည်ဆောက်ထားပါ။

၆။ တရားထိုင်တာ၊ အပြင်ထွက်လမ်းလျှောက်တာတွေနဲ့ အတွင်းစိတ်ငြိမ်းချမ်းအောင် ထားပါ။

သင်ကော ဘယ်အချက်လေးတွေနဲ့ ပြည့်စုံနေပြီလဲ။