မင်းအိပ်မက်တွေကို အကောင်အထည်ဖော်ချင်ရင် လူတွေကို ခဏမေ့ထားလိုက်ပါ။

blank

သူငယ်ချင်း…

မင်းဘဝမှာ ကြိုးစားကြည့်ချင်နေတဲ့အရာတွေရှိလိမ့်မယ်။ အောင်မြင်ချင်နေတဲ့အရာတွေ ရှိလိမ့်မယ်။ ဒီထက်ပိုတိုးတက်ချင်နေတဲ့အရည်အချင်းတွေရှိလိမ့်မယ်။ ဒါပေမဲ့… တစ်ခုခုလုပ်မယ်ဆိုတိုင်း အဆင်မပြေခဲ့ရင် “လူတွေက ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြလိမ့်မယ်”ဆိုတဲ့အတွေးက မင်းကိုတုံ့ဆွဲထားနေတာနဲ့ပဲ စိတ်ကူးက စိတ်ကူးနဲ့ တင်ရပ်ရပ်သွားတယ်။ ဘာကိုမှလည်း ဆက်ပြီးအကောင်အထည်မဖော်ဖြစ်တော့ဘူး။ အဲ့ဒီလိုနဲ့ပဲ အများနဲ့ မတူတဲ့ စိတ်ကူးအသစ်တွေကော၊ သိပ်ကောင်းတဲ့အိပ်မက်တွေပါ စိတ်ကူးအိပ်မက်တွေအဆင့်မှာပဲ ရပ်တန့်ကျန်ရစ်ခဲ့လိမ့် မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါနဲ့ပဲ တစ်နှစ်ထက်တစ်နှစ်ဘာမှတိုးတက်ပြောင်းလဲမလာတဲ့ ထူးမခြားနားအခြေအနေနဲ့ပဲ ဘဝရဲ့ အ ချိန်တွေ ကုန်လာမယ်။ တကယ်တော့ ဒါဟာ လူတစ်ယောက်ရဲ့ဘဝအတွက် အများကြီးဆုံးရှုံးနစ်နာတာပါပဲ။ ဘဝမှာ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်လို့အကောင်းဆုံးအရွယ်၊ အခွင့်အရေးအရှိဆုံးအရွယ်၊ ကိုယ်စွမ်းဉာဏ်စွမ်းအထက်မြက်ဆုံးအရွယ်ဆိုတာ လူငယ်၊ လူရွယ်ဘဝပါ။ အဲ့ဒီအချိန်တွေကို လူတွေအကြောင်း တွေးတောစိတ်ပူရင်း ကုန်ဆုံးခံမယ်ဆိုရင် နှမြောစရာကောင်းပါတယ်။
ဒါကြောင့် မင်းမှာ အိပ်မက်တွေရှိနေရင် လူတွေကို ခဏမေ့ထားလိုက်ပါ သူငယ်ချင်း။ ပြီးတော့ ကြိုးစားစရာရှိတာကို အကောင်းဆုံးကြိုးစားပြီး မင်းအိပ်မက်တွေကို တကယ်ရယူပိုင်ဆိုင်လိုက်ပါနော်။

ကဲ… မင်းကော အိပ်မက်တွေအကောင်အထည်ဖော်ဖို့အဆင်သင့်ဖြစ်ပြီလား။