ရိုင်းစိုင်းစွာပြုမူတာ၊ စကားလုံးတွေနဲ့ စော်ကားတာတွေ ခံရတဲ့အခါ…..

blank

ကိုယ့်အပေါ် ရိုင်းစိုင်းစွာဆက်ဆံသူကို ပြုံးပြုံးလေးပဲ တုံ့ပြန်ပါ။

စကားကိုလည်း ပုံမှန်လေသံအတိုင်းပြောပါ။

ဒေါသတဲ့ တုံ့ပြန်မိတဲ့အခါ သူု့အပြစ်ဟာ ကိုယ့်အပြစ်ဖြစ်သွားတတ်တာကြောင့် ရိုင်းပြစွာ ဆက်ဆံခံခဲ့ရရင် ဒေါသတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်အောင်ကြိုးစားပါ။

ကိုယ်နဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်လိုက်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အတွင်းစိတ်ကို ဖော်ပြနေတဲ့ ရိုင်းပြတဲ့ စကားလုံးတွေကို သင်နဲ့ မသက်ဆိုင်ဘူးလို့ မှတ်ယူပြီး ပြုံးပြုံးလေးပဲ တုံ့ပြန်လိုက်ပါ။

စာချစ်သူတို့ရေ…

သူတစ်ပါးကို ရိုင်းစိုင်းစွာဆက်ဆံတတ်တဲ့ သူတွေမှာ စိတ်မလုံခြုံမှုတွေ၊ မပျော်ရွှင်မှုတွေ၊ အလိုမကျမှုတွေရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်လိုရိုင်းရိုင်း သင့်ဘက်က မေတ္တာထားပါ။ မေတ္တာရောင်ပြန်ဟပ်တဲ့အချိန်ကျရင် အမြင်မှန်ရပြီး သင့်ကိုနားလည်လာပါလိမ့်မယ်။