အမေတို့သဘောတူတဲ့လူကို ယူရမလား။ ကိုယ်ကြိုက်တဲ့လူကိုပဲ ယူရမလား။

blank

ကျွန်မအသက် ၂၅ နှစ်ပါ။ လက်ရှိမှာ ၃ နှစ်ကျော်ကြိုက်လာတဲ့ချစ်သူလည်းရှိပါတယ်။ မသောက်မစားနဲ့ ရိုးသားပေမဲ့ ပိုက်ဆံမရှိပါဘူး။ အသိုင်းအဝိုင်းကလည်း မတောင့်ပါဘူး။ ဒီလိုပဲ ကြုံရာကျဘမ်းလုပ်စားကြတာပါ။

အမေတို့သဘောတူတဲ့လူကတော့ လူရည်လည်ပြီး အသိုင်းအဝိုင်းလည်း တောင့်တယ်။ ပိုက်ဆံလည်း ရှိပါတယ်။ ကျွန်မထက် ၂ နှစ်ကြီးတယ်။ ဒါပေမဲ့… သူ့ကို ကျွန်မမကြိုက်ပါဘူး။ အမေတို့ကတော့ ပထမလူကို ယူရင် အိမ်ကိုလုံးဝလှည့်မကြည့်နဲ့တော့လို့ အပြတ်ပြောထားပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မလည်း ဆင်းရဲမှာကိုတော့ ကြောက်ပါတယ်။ ငွေမက်တာမဟုတ်ပေမဲ့ အသက် ၂၅ နှစ်ရှိပြီဆိုတော့ ဆင်းရဲရင် ဘာမှ လုပ်မရဘူးဆိုတာ သိနေပါပြီ။ ကျွန်မတို့ အိမ်က သာမန်မရှိမရှားအဆင့်တောင်မှ ကျွန်မသူငယ်ချင်းတွေ ကျောင်းကောင်းကောင်းတက်ချိန်၊ သင်တန်း ကောင်းကောင်းတက်ချိန်တွေ ကျွန်မမတက်နိုင်ပါဘူး။ ပြီးတော့ ဘယ်နေရာသွားသွား ပိုက်ဆံမတတ်နိုင်ရင် အ စစအရာရာ မျက်နှာငယ်ရတာ၊ စိတ်သွားတိုင်း ကိုယ်မပါတာ တွေလည်း ခံစားဖူးပါပြီ။ ကျွန်မချစ်သူကို မြန်မြန် တိုးတက်ကြီးပွားအောင်လုပ်ပေးဖို့ ထုတ်ပေးစရာအရင်းအနှီး လည်း ကျွန်မမှာ မရှိလို့ စိတ်ညစ်မိပါတယ်။ ကျွန်မ အစ်မကတော့ “ နင်ထုတ်ပေးလည်း နင့်လူက လည်ဝယ်ဦး မှလေ။ သူ့မှာက ရိုးသားတာလေးတစ်ခုပဲရှိပြီး လူ တောတောင်တိုးတာမဟုတ်ဘူး။ နင် သူ့ကိုယူရင်တော့ ဆင်းရဲတဲ့ဒဏ်ခံနိုင်မလား အရင်စဉ်းစား။ နင့်ကလေး တွေကိုပါ ဆင်းဆင်းရဲရဲနဲ့စောင့်ရှောက်ရမှာ ” တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အခုဟိုလူက ကျွန်မကို တင်တောင်းနေပါပြီ။ ကျွန်မချစ်သူကိုမယူရင် သူ့ကိုယူရတော့မှာပါ။ ချစ်သူကလည်း အားမကိုးရသေးတော့၊ ဘယ်အချိန်အားကိုးရမလဲဆိုတာလည်း အမေတို့ကို အချိန်နဲ့အတိအကျကတိမပေး နိုင်တော့ ကျွန်မမှာ ခက်နေရပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ ဂန္ထဝင်ရေ။
စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “ မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။