သင်လက်ရှိရောက်နေတဲ့နေရာကို မကြိုက်ဘူးလား။ ဒါဆို ပြောင်းလိုက်ပါ။

blank

သင်လက်ရှိရောက်နေတဲ့နေရာကို မကြိုက်ဘူးလား။ လက်ရှိအခြေအနေကို အားမလိုအားမရဖြစ်နေ လား။
ဒါဆိုရင် သင်ကြိုက်တဲ့နေရာ၊ သင်ပျော်ရွှင်တဲ့နေရာကို ပြောင်းရွှေ့ဖို့ သင်ကိုယ်တိုင်မှာ တာဝန်ရှိပါ တယ်။ လူတိုင်းဟာ ကိုယ်ပျော်ရွှင်ကျေနပ်တဲ့နေရာမှာ နေထိုင်ဖို့အတွက် ထိုက်တန်ပါတယ်။ အဲ့ဒီလိုကိုယ့်ဘဝ ကိုယ်ပြောင်းလဲပစ်ဖို့ရာလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ်ထိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘဝက တိုတိုလေးမို့ပါ။ ဒါပေမဲ့… ပြောင်းလဲဖို့အတွက်…
– သတ္တိလိုပါတယ်။
– ဆုံးဖြတ်ချက် လိုပါတယ်။
– ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလိုပါတယ်။
အဲ့ဒီသုံးခုရှိရင် မပြောင်းလဲစရာအကြောင်းမရှိပါဘူး။ သင်က အမြစ်တွယ်နေတဲ့ သက်မဲ့သစ်ပင်တစ်ပင် မဟုတ်တဲ့အတွက် သင်မကြိုက်တဲ့နေရာ၊ သင်မပျော်ရွှင်တဲ့အခြေအနေတစ်ခုကနေ ပြောင်းလဲဖို့ မတွန့်ဆုတ် လိုက်ပါနဲ့နော်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။