အနာခံမှ အသာစံရမယ်ဆိုတာ ယုံကြည်ပါသလား

blank

စာချစ်သူတို့ရေ………..

ခဲတံလုပ်ရာမှာ ရှုထောင့်နှစ်ခုရှိပါတယ်။ ခဲတံရဲ့လှပမှု၊ အရောင်အသွေးအတွက် အပြင်ဘက်မှာ ဘယ်လိုသစ်သားမျိုးသုံးမလဲ။ အတွင်းဘက်မှာ ဘယ်လိုခဲမျိုးသုံးမလဲ။ ခဲတံလုပ်သူဟာ ခဲတံကို ပထမဆုံးအကြိမ် ပုံစံချတဲ့အခါ ဘယ်အရာက တကယ်အရေးကြီးလဲဆိုတာ အရင်ဆုံးဖြတ်တယ်။ ခဲတံမှာ အပြင်ပုံစံကဘာပဲဖြစ်ဖြစ် အတွင်းခဲအပေါ် သက်ရောက်မှု မရှိပါဘူး။ ထွက်လာမယ့်ခဲဆံကပဲ စာရွက်ပေါ်မှာ တစ်ခုခုရေးလိုက်ခြင်းဖြင့် အမှန်တကယ် သက်ရောက်နိုင်ပါတယ်။ ကျွန်မတို့ဘဝတွေဟာလည်း ခဲတံနဲ့ အလားသဏ္ဍန်တူပါတယ်။ ကျွန်မတို့ရဲ့ အပြင်ပုံစံဆိုတာ ကျွန်မတို့ရဲ့ ပုဂ္ဂိုလ်ရေး၊ ရုပ်အကြောင်း ဖြစ်ပြီး အတွင်းပုံစံဆိုတာ စစ်မှန်မှု၊ ရိုးသားမှုအကြောင်းဖြစ်ပါတယ်။ ဘဝလမ်းကြောင်းပေါ်မှာ အတွင်းစိတ်က မဖြောင့်မှန်ရင် ဘဝမှာ သက်ရောက်မှုတွေရှိအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခဲတံလုပ်သူ နောက်တစ်ဆင့်ပုံဖော်တာကတော့ ခဲတံကို ချွန်ထက်အောင် လုပ်ပေးဖို့ပါပဲ။ ခဲဆံထွက်မလာခင် ခဲချွန်နေချိန်မှာ ခဲတံဟာ နာကျင်မှုတွေကို ဖြတ်ကျော်ပြီးမှ သက်ရောက်မှုတစ်ခု လုပ်နိုင်ပါတယ်။ ကျွန်မတို့ဘဝတွေမှာလည်း ခဲတံလိုပါပဲ ချွန်ထက်အောင်လုပ်ဖို့ နာကျင်မှုတွေကို မဖြတ်ကျော်ရင် အတွင်းကနေ အကောင်းဆုံးအရာတွေလည်း ထွက်ပေါ်လာမှာမဟုတ်ပါဘူး။ လူတွေပြောနေကျ ဆိုရိုးတစ်ခုလိုပါပဲ နာကျင်မှုတွေမရှိရင် ရလဒ်ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။

ခဲတံလုပ်သူဟာ ခဲတံကို နောက်ဆုံးအဆင့်အနေနဲ့ ပုံဖော်တာကတော့ စာရေးတဲ့အခါ အမှားကို ဖျက်ပြီး အမှန်ကို သေချာပြင်နိုင်ဖို့ ခဲတံအနောက်မှာ ခဲဖျက်တစ်ခုထည့်ပေးရပါတယ်။ ကျွန်မတို့ဘဝမှာလည်း အမှားတွေ လုပ်မိတဲ့အခါ အမှန်ပြင်ဖို့ အခွင့်အလမ်းတွေ ရှိလာတတ်ပါတယ်။

ခဲတံကပေးတဲ့ သင်ခန်းစာတွေကတော့…

အပြင်ပုံပန်းသဏ္ဍန်က အတွင်းစိတ်ကို ပုံဖော်မပေးနိုင်ပါဘူး။

နာကျင်မှုတွေကို ဖြတ်ကျော်နိုင်မှ ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တယ်။

အမှားတွေကို အမှန်ပြင်ဖို့ လောကကြီးက အခွင့်အရေးတွေ ပေးတတ်တယ်။

ဆိုတာပါပဲ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။