စိတ်ဓာတ်ကျနေလား….။

blank

စာချစ်သူရေ…။

စိတ်ဓာတ်ကျနေပြီလား။ မာန်တင်းထားရတာ အားလျော့နေပြီလား။

စိတ်ကိုတင်းထားရတာ။ နွမ်းလျနေပြီလား။

မနိုင်ဝန်တွေ ထမ်းထားရတာ မောဟိုက်နေပြီလား။

အသည်းတွေကွဲ.. ခံစားချက်တွေကို ထမ်းပိုးထားရတာ နှလုံးသားတွေ လေးလံနေပြီလား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

စိတ်ဓာတ်ကျလာခဲ့ရင် တို့တစ်ခုပြောပြချင်ပါတယ်။

အချိန်ဆိုတာ အရှေ့ကိုတရွေ့ရွေ့ ရွေ့လျားနေတဲ့အရာတစ်ခုပါ။

မနေ့ကအချိန်က ပြီးခဲ့သလို ဒီနေ့ကြုံနေရတဲ့အခက်အခဲတွေ၊ သောကတွေက သေချာပေါက်ပြီးသွားမှာပါ။

ယုံမှာ လောကမှာ အချိန်က ကုစားမပေးနိုင်တဲ့ ဒဏ်ရာဆိုတာ လုံးဝမရှိပါဘူး။ အချိန်ပေးပါ။ အားတင်းထားပါ။ မနက်ဖန်ကျရင် ကျော်ဖြတ်နိုင်ခဲ့တဲ့ အခက်အခဲတွေအကြောင်း ပြောရင်း အောင်ပွဲခံကြမယ်လေ။