အလုပ်ပိုများလေ၊ တိတ်ဆိတ်စွာအနားယူဖို့ ပိုလိုအပ်လေပါ။

blank

လတ်တလောလေ့လာတွေ့ရှိမှုအရ တိတ်ဆိတ်စွာအနားယူခြင်းက အာရုံကြောစ နစ်တွေကို ကောင်းမွန်အောင် ပြန်ထိန်းသိမ်းပေးပြီး စွမ်းအင်တွေကိုလည်း ရေရှည်တည်တံ့စေပါတယ်။ ဒါ့အပြင် သင်လက်ရှိရှင်သန်နေတဲ့၊ အလုပ်လုပ်နေတဲ့၊ ဦးဆောင်နေရတဲ့ ဝန်းကျင်နဲ့ ပိုလိုက်လျောညီထွေတုံ့ပြန်နိုင်အောင် ကူညီပေးပါတယ်။ သုတေသီတွေရဲ့လေ့လာတွေ့ရှိမှုအရဆိုရင် ၂ မိနစ်ခန့်လုံးဝတိတ်ဆိတ်စွာအနားယူခြင်းက စိတ်အပန်းပြေစေတယ်ဆိုတဲ့ သီချင်းတွေနားထောင်တာထက်တောင် နှလုံးသွေးကြောနဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာစနစ်တွေကို ပိုတည်ငြိမ်စေတယ်လို့ သိရပါတယ်။

စဉ်ဆက်ပြတ်တိတ်ဆိတ်စွာနေလိုက်ခြင်းက အတွေးတွေကို ရှင်းလင်းသွားစေပြီး တီထွင်ကြံဆမှုစွမ်း ရည်တွေလည်း ပိုထွက်လာစေပါတယ်။ အပြင်ဘက်တိတ်ဆိတ်လေလေ အတွင်းဘက်လည်း ငြိမ်သက်လေလေ ပါပဲ။ အဲ့ဒီလိုပြုလုပ်တာဟာ ဘဝရဲ့အခြေခံအကျဆုံးတာဝန်ဝတ္တရားတွေကနေ ခဏတာအနားယူလိုက်တာနဲ့ လည်း တူပါတယ်။
တစ်နည်းအားဖြင့် ဒါဟာ စိတ်ပိုင်းဆိုင်ရာအတွက် လုံးဝအနားယူလိုက်တာပါပဲ။ ရလဒ်အနေနဲ့ သင့်အား နည်းချက်၊ အားသာချက်တွေနဲ့ စိတ်ကူးသစ်တွေမွေးဖွားလာဖို့ အခွင့်အရေးတွေ တိုးတက်လာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒီအလေ့အထကို ရေရှည်ပျိုးထောင်နိုင်ဖို့ နည်းလမ်းလေး ၄ ခုရှိပါတယ်။

၁။ အစည်းအဝေးမစတင်ခင် ၅ မိနစ်တိတ်ဆိတ်စွာ ထိုင်ပါ။

၂။ ညနေတိုင်းမှာ တစ်ယောက်တည်းတိတ်ဆိတ်စွာနေတတ်တဲ့အကျင့် ပြုလုပ်ပါ။

၃။ အွန်လိုင်းကို စစ်စရာရှိတာမြန်မြန်ဆန်ဆန်စစ်ပြီး မလိုအပ်ရင် ပိတ်ထားတတ်တဲ့အကျင့်လုပ်ပါ။

၎။ တရားထိုင်ပါ။

ကဲ… သင်ကော ဘယ်နည်းလမ်းလေးကို ကြိုက်နှစ်သက်လဲ။