အတွေ့အကြုံက သင်ပေးလိုက်တဲ့ ဘဝသင်ခန်းစာလေးတွေ…

blank

ကံတရားက မျက်နှာမလိုက်ဘူး။ ဘဝရဲ့ တစ်ထောင့်တစ်နေရာမှာ ကိုယ်လုပ်ထားတာတွေရဲ့ ကောင်းကျိုးဆိုးကျိုးကို သေချာပေါက်ခံစားရလိမ့်မယ်။

ပိုင်ဆိုင်မှုတွေဟာ ပျော်ရွှင်မှုအစစ်မဟုတ်ဘူး။ ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်စိတ်နဲ့ကိုယ်ငြိမ်းချမ်းရေးရပြီး လက်ရှိအချိန်ကို အကောင်းဆုံး ခံစားနိုင်တဲ့အခါ ရရှိတယ်။

ချစ်ခြင်းအစစ်ဟာ ရယူပိုင်ဆိုင်ခြင်း၊ ပေါင်းစပ်ခွင့်ရခြင်းတွေနဲ့ မသက်ဆိုင်ဘူး။ ချစ်ခြင်းအစစ်ဆိုတာ ချစ်နေရရုံ၊ ချစ်ရသူပျော်ရွှင်နေတာကို မြင်နေရရုံနဲ့ လုံလောက်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်အပေါ်ကို မကောင်းမှု ကျူးလွန်ခဲ့သူတွေကို ကိုယ်က တကူးတကအပြစ်ပေးစရာ မလိုပါဘူး။ ကံကြမ္မာက သူ့အလုပ်သူလုပ်သွားမှာပါ။

ကြိုးစားခြင်း၊ ရိုးသားခြင်းတွေဟာ ဘယ်တော့မှ အလကားမဖြစ်ပါဘူး။ ကိုယ်စိုက်ပျိုးခဲ့တာက မြက်ပင်လေးဆိုရင်တောင် စိမ်းလန်းမှုတော့ အနည်းဆုံးခံစားရမှာပါ။

ဘဝမှာ လက်တစ်ဖက်ကို ကိုယ့်ဘက်ကစပြီး ဘယ်တော့မှ မလွှတ်ခဲ့ပါနဲ့။ ကျန်နေခဲ့တဲ့သူက ပိုခံစားရတယ်ဆိုရင်တော့ အဆုံးသတ်မှာ ဘဝကိုတော့ လိပ်ပြာလုံလုံနဲ့ ဆက်လျှောက်နိုင်ကြပါတယ်။

သင်ကော… ဘယ်လိုသင်ခန်းစာလေးတွေ ရရှိထားလဲ။