အနက်ရှိုင်းဆုံးဝေဒနာတွေ မြန်မြန်သက်သာစေဖို့

blank

၁။ သင့်ခံစားချက်တွေကို အရှိအတိုင်း သင့်ကိုယ်သင် ခံစားခွင့်ပေးလိုက်ပါ။

၂။ ရင်ထဲရှိတဲ့ခံစားချက်တွေကို မျိုသိပ်မထားဘဲ ထုတ်ဖော်ပြသပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ တစ်ရက်ကို သင်ချစ်တဲ့သူတစ်ယောက်ယောက်နဲ့ တွေ့ဖြစ်အောင်တွေ့ပါ။ သင့်ဘေးမှာ သူတို့လာ အဖော်ပြုမပေးနိုင်ရင်တောင် အဆက်အသွယ်မပြတ်အောင် နေပါ။

၎။ ကျေးဇူးတင်စိတ်ဆိုတာ အကောင်းမြင်ခြင်းတစ်မျိုးပါပဲ။ သင့်အပေါ် ကောင်းတဲ့၊ ကူညီပံ့ပိုးပေးကြတဲ့ ချစ်ခင် သူတွေရဲ့ ကျေးဇူးတရားတွေကို ပြန်တွေးပါ။

၅။ လက်ရှိရှင်သန်နေတဲ့ လောကဝန်းကျင်နဲ့ ပြန်ထိတွေ့ဆက်ဆံပါ။ သင့်ဘေးမှာ မရှိတော့တဲ့သူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရေးကို မဖြစ်တောက်နိုင်သေးရင်တောင် သင့်ဘေးမှာ ရှိနေကြတဲ့သူတွေနဲ့ ပေါင်းသင်းဆက် ဆံရေးကိုလည်း ပစ်ပယ်မထားဖို့ သတိရပါ။

စာချစ်သူတို့ရေ…

အသည်းနှလုံးတစ်ခုလုံးနဲ့အပြည့် နက်နက်ရှိုင်းရှိုင်းနာကျင်ရတဲ့ ဝေဒနာမျိုးဆိုတာ အမြန်သက်သာ ပျောက်ကင်းဖို့တော့ ခက်မှာပါ။ ဒါပေမဲ့… ဘဝခရီးကို အမြဲတမ်းချောမွေ့နေတာမဟုတ်တဲ့အတွက် နာကျင် ရတဲ့အခိုက်အတန့်တွေဆိုတာလည်း တွေ့ကြရမှာပါပဲ။ သေချာတာက နာကျင်နေတယ်ဆိုပြီး ဆက်ခံစားနေ ရင် နာကျင်မှုတွေကလည်း ဆက်ရှိနေဦးမှာပါပဲ။ သက်သာရာရမယ့်နည်းလမ်းတွေရှာဖွေရင်းနဲ့ ပိုအဆင်ပြေ ညတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ကြိုးစားသင့်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့ အပေါ်ကနည်းလမ်းလေးတွေက အထောက် အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

သင်ကော နာကျင်စရာနေ့ရက်တွေနဲ့တွေ့ရင် ဘယ်လိုကျော်ဖြတ်ဖြစ်လဲ။