နာကျင်မှုဆိုတာ လူတစ်ယောက်ကို ပိုတိုးတက်လာစေတဲ့အရာပါ။

blank

မိတ်ဆွေ…

သင့်မှာ အချိန်လေးခဏလောက်ရရင် သင့်အတွေးနဲ့ခံစားမှုတွေကို ဂရုစိုက်ပြီး သေချာနားထောင် ကြည့်ပါ။ ပြီးတော့ ခံစားမှုတွေကိုလည်း အရှိအတိုင်းလက်ခံဖို့ သင်ယူကြည့်ပါ။ သူတို့သဘောအတိုင်း သင့်ခန္ဓာ ကိုယ်ထဲ ဝင်ချင်ဝင်၊ ထွက်ချင်ထွက်၊ မြင့်တက်တက်၊ နိမ့်ကျကျ မပြင်းပယ်ဘဲ အရှိအတိုင်း လက်ခံခွင့်ပြုပေး ကြည့်ပါ။

အဲ့ဒီလို သင့်ရဲ့စိတ်ခံစားမှုတွေကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေတဲ့အခါ သူတို့တွေဟာ သင့်ကို မကြာခင် မှာဘဲ လွှမ်းမိုးလာကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုလက်ခံလိုက်တာဟာ သူတို့ကို အညံ့ခံအရှုံး ပေးလိုက်တာမို့ပါ။ တကယ်ခံစားကြည့်တဲ့အခါ နာကျင်မှုဆိုတာ သာမန်အရာတစ်ခုထက်မပိုသလို လျော့လည်း မလျော့ဘူးဆိုတာ သင်နားလည်လာပါလိမ့်မယ်။ သင်ခံစားနေရတဲ့အရာတွေကို မကြောက်ပါနဲ့။ အဲ့ဒါဟာ အ ကြောင်းတရားတစ်ခုအတွက် လက်ဆောင်သာဖြစ်တယ်။ တစ်နည်းအားဖြင့် သင့်မှာ ပြောင်းလဲဖို့ လိုအပ်နေတဲ့ တစ်စုံတစ်ခုအတွက် သင့်ကိုယ်တွင်းဆီက သင့်ကိုအသိပေးလာတဲ့ မက်ဆေ့ခ်ျတစ်စောင်သာဖြစ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အဲ့ဒီနာကျင်မှုတွေကို သင်က တုံ့ပြန်မှု၊ တွန်းလှန်မှုတွေမပြုဘဲ လက်ခံရုံလက်ခံပေးလိုက်တဲ့အခါ အဲ့ဒါ ဟာ ဉာဏ်ပညာအဖြစ် သူ့အလိုလို ပြောင်းလဲသွားပါတယ်။ အဲ့ဒီနာကျင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် ရင့်သန်လာ တာနဲ့အမျှ သင့်ရဲ့ဉာဏ်ပညာ တွေကလည်း ကြီးထွားလာကြမှာပါပဲ။ ကြီးထွားလာတဲ့အဲ့ဒီဉာဏ်ပညာတွေဟာ ပိုကောင်းတဲ့ ညှာတာထောက်ထားမှုစွမ်းရည်တွေကို တိုးမြှင့်လာစေပါတယ်။

သင်ကော သင့်ရဲ့နာကျင်မှုတွေဆီက သင်ယူခဲ့ဖူးတဲ့အရာတွေရှိရင် comment လေးနဲ့ မျှဝေခဲ့ ပါဦးနော်။