သင်ဘယ်လောက်အကောင်းဆုံးလုပ်လုပ် လူတွေက ဝေဖန်နေကြမှာပါပဲ။ သင်ကြိုက်တာကိုပဲ လုပ်ပါ။

blank

ဘဝတိုတိုလေးမှာ…

– သင့်ကိုယ်သင်ဂရုစိုက်ပါ။

– သင့်ကိုယ်ပိုင်စည်းမျဉ်းအတိုင်းရှင်သန်ပါ။

– သင်သဘောမတူတဲ့အရာတွေကို လက်မခံဘဲနေပါ။

– သင့်အတွက်အဆင်မပြေတဲ့တောင်းဆိုမှုတိုင်းကို ပြတ်ပြတ်သားသားငြင်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– သူများဆုံးဖြတ်ချက်နဲ့ သင့်ဘဝတည်ဆောက်တာမျိုးရှောင်ပါ။

– ကိုယ်ပိုင်အချိန်ထားပါ။

– အလုပ်များနေတဲ့အခါ ဖုန်းမကိုင်ဘဲနေပါ။

– သင့်ထင်မြင်ချက်မေးလာတိုင်း အမှန်အတိုင်းပဲပြောပါ။

လူတွေကတော့ သူတို့လိုချင်တဲ့အရာမဖြစ်တဲ့အခါတိုင်း သင့်ကို ပြစ်တင်ဝေဖန်နေကြမှာပါပဲ။ သူတို့ ဖြစ်စေချင်တဲ့လမ်းကြောင်းမလိုက်တိုင်း သင်မှားနေတာမဟုတ်ပါဘူး။ သင်တတ်နိုင်သလောက် အကောင်း ဆုံးလုပ်နေရင်တောင် လူတိုင်းအတွက် အကောင်းဆုံးဖြစ်ချင်မှဖြစ်မှာပါ။ လူတိုင်းရဲ့စိတ်ချမ်းသာမှုကို သင်မ ဖြည့်ဆည်းပေးနိုင်ပါဘူး။ ဖြည့်ဆည်းပေးဖို့တာဝန်လည်း သင့်မှာ လုံးဝမရှိပါဘူး။ ဒါကြောင့် မနိုင်ဝန်တွေထမ်းပြီး သင့်ကိုယ်သင်စိတ်ဆင်းရဲအောင် လုပ်နေမယ့်အစား သင့်အတွက်အဆင်ပြေတာ၊ သင်ကြိုက်တာကိုလုပ်ပြီး စိတ်ချမ်းသာအောင်နေလိုက်ပါ။

သင်ကော သင့်ကိုယ်သင်စိတ်ချမ်းသာအောင်နေတတ်ပြီလား။