အတင်းစကားကို အားနာပြီး လက်ခံနားထောင်ပေးခြင်းရဲ့နောက်ဆက်တွဲများ

blank

၁။ ကိုယ့်အချိန်ပုပ်ခြင်း

၂။ အတင်းပြောသူနဲ့တစ်ဖွဲ့တည်းလို့ ထင်ပြီး အမြင်စောင်းခံရခြင်း

၃။ နေရင်းထိုင်ရင်း ကိုယ်ပါအတင်းပြောတတ်သူအဖြစ် သိက္ခာကျခြင်း

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ အားနာပြီးလက်ခံနားထောင်ခြင်းနေအားဖြင့် နောက်ထပ်လာပြောဖို့ လမ်းဖွင့်ပေးရာကျခြင်း

၅။ အခန့်မသင့်ရင် သူ့စကားက ကိုယ့်စကားဖြစ်ပြီး နေရင်းထိုင်ရင်း ပြဿနာရှင်းရခြင်း

မြန်မာစကားမှာ အားနာတယ်ဆိုတာက လူကြိုက်များတဲ့စကားလုံးပါ။ ဒါပေမဲ့… “အားနာလို့ ခါးပါ တယ်” ဆိုတဲ့ စကားလေးကိုလည်း မမေ့သင့်ပါဘူး။ ပြီးတော့ အတင်းအဖျင်းဆိုကတည်းက အပြုသဘော မဆောင်တဲ့အတွက် နှစ်ဦးနှစ်ဖက်အကျိုးမရှိတာအမှန်ပါပဲ။ ဒါကြောင့် အတင်းလာပြောရင် အားနာပြီး နားမ ထောင်ပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်နော်။
အတင်းအဖျင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံဖူးတဲ့အဖြစ်အပျက်လေးတွေရှိရင်လည်း မျှဝေခဲ့ကြပါဦး နော်။