အိပ်မက်တွေအကြီးကြီးမက်ပါ။ ကိုယ်နိုင်တဲ့ခြေလှမ်းသေးသေးလေးကနေ စတင်ပါ။

blank

အနောက်တိုင်းအဆိုအမိန့်တစ်ခုရှိပါတယ်။
“ အိပ်မက်တွေက မဖြစ်နိုင်ဘူးလို့ထင်ရလောက်အောင် ကြီးမားလွန်းနေတဲ့အခါ ဆက်မက်လည်း မထူး နိုင်ဘူးထင်ပြီး လူအများစုက ဒီအတိုင်းလက်လျှော့လိုက်တတ်ကြတယ်” တဲ့။ တကယ့်ပြဿနာက အိပ်မက်ကြီး တာမဟုတ်ပါဘူး။ အိပ်မက်ဆီမသွားနိုင်ဘူးလို့ ထင်နေတဲ့စိတ်ပါ။

တစ်ခါတရံမှာ စိတ်ဓာတ်ခွန်အားဆိုတာ…

– ကိုယ်အားကျနေတဲ့သူတစ်ယောက်ယောက်က အနားမှာ အားပေးစကားပြောပေးနေမှ မဟုတ်ပါ ဘူး။ အကြိမ်ကြိမ်ရှုံးနိမ့်နေပေမယ့် ပြန်ထနေသေးတဲ့ ကိုယ့်ဝန်းကျင်က သာမန်လူတွေကို ကြည့်ပြီး တော့လည်း ရယူလို့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– ကြိုးစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ video တွေ၊ ဟောပြောချက်တွေကို နားထောင်ရချိန်မှ ရရှိနိုင် တာ မဟုတ်ပါဘူး။ တစ်နေ့တာအတွင်း ပြီးမြောက်လိုက်တဲ့ ကိုယ့်အောင်မြင်မှုသေးသေးလေးတွေ ကနေလည်း ရယူလို့ရပါတယ်။

အောင်မြင်မှုဆိုတာ လှေကားထိပ်နဲ့တူပါတယ်။ လှေကားတိုင်းဟာ တစ်ထစ်ချင်းတက်လှမ်းရင်းနဲ့မှ အ ပေါ်ကိုရောက်တာပါ။ လှေကားက မြင့်လိုက်တာဆိုပြီး စိတ်ညစ်နေရင် အဲ့ဒီလှေကားရင်းမှာပဲ ဘဝအချိန်တွေ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါကြောင့် လှေကားမြင့်တာကို စိတ်မညစ်ပါနဲ့။ တစ်ထစ်ချင်းတက်ဖို့သာ စိတ်ရှည် လိုက်ပါနော်။

သင်ကော သင့်အိပ်မက်တွေဆီသွားဖို့ လှေကားထစ်တွေပေါ် စလျှောက်နေပြီလား။