ရှိတော့ရှိတယ်။ ရှားတယ်ဆိုတဲ့ မိန်းကလေးတွေဆိုတာ ဒီလို…

blank

ကိုယ့်အပေါ်တန်ဖိုးမထားတဲ့ယောက်ျားကို ဖက်တွယ်မထားတဲ့ မိန်းကလေးလောက် ပြတ်သားရဲရင့်တဲ့ မိန်းကလေးဘယ်မှာမှ မရှိဘူး။

ရုပ်ရည်ထက် အရည်အချင်းကို ဖြည့်တင်းရမယ်ဆိုတာကို လက်ခံထားတဲ့ မိန်းကလေးလောက် တောက်ပတဲ့မိန်းကလေးဘယ်မှာမမရှိဘူး။

ပစ္စည်းတွေဥစ္စာတွေထက် ဘေးနားကလူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားတဲ့မိန်းကလေးလောက် ပြည့်စုံတဲ့ မိန်းကလေးဘယ်မှာမှ မရှိဘူး။

လူတစ်ယောက်ကို ရုပ်ရည်၊ ပိုင်ဆိုင်မှု၊ ပညာအရည်အချင်းတွေနဲ့ မတိုင်းတာဘဲ လူပီသမှု၊ စိတ်သဘောထားပြည့်ဝမှု၊ အတွေးအခေါ်ရင့်သန်မှုတွေနဲ့ အကဲဖြတ်တတ်တဲ့ မိန်းကလေးတွေလောက် အမြင်မှန်တဲ့မိန်းကလေးဘယ်မှာမှမရှိဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

• ပေးဆပ်ခြင်းဆိုတာ ဘဝလို့ ခံယူထားရင်ထားမယ်။ ခေါင်းပေါ်တက်လာရင်တော့ ခါချပစ်ရဲတဲ့သတ္တိ

• အကောင်းအဆိုး၊ အကြောင်းအကျိုးနဲ့ ထောင့်ချင့်စဉ်းစားတတ်ပြီး အပြောထက်အလုပ်ကို ယုံကြည်တတ်တဲ့ ပညာ

• ယုံကြည်ရာကို ဇွဲကြီးစွာပုံဖော်ပြီး မရမချင်းစိတ်ခိုင်မာစွာ ကြိုးစားတတ်တဲ့ ဝိရီယတွေနဲ့ ပြည့်စုံတဲ့မိန်းကလေးလောက် တန်ဖိုးရှိတဲ့ မိန်းကလေးဘယ်မှာမှမရှိဘူး။

သင်ကော.. အဲ့ဒီလိုမိန်းကလေးထဲမှာ ပါနေပြီလား။